Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 29:18 - Common Language Bible

18 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​သည်​တု​ရု​မြို့​ကို တိုက်​ခိုက်​ခဲ့​၏။ သူ​သည်​မိ​မိ​၏​စစ်​သူ​ရဲ တို့​အား​အ​လွန်​လေး​လံ​သော​ဝန်​တို့​ကို ထမ်း​စေ​သည်​ဖြစ်​၍ သူ​တို့​၏​ခေါင်း​ပြောင် ၍​ပ​ခုံး​များ​သည်​လည်း​ပေါက်​ပြဲ​ကုန်​၏။ ယင်း​သို့​ဒုက္ခ​ခံ​သော်​လည်း​စစ်​သူ​ရဲ​နှင့် ဘု​ရင်​သည်​အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ခံ​စား​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 အ ချင်း လူ့ သား၊ ဗာ ဗု လုန် ဘု ရင် နေ ဗုဒ် နေ ဇာ မင်း သည်၊ တပ် သား အ ပေါင်း တို့ ခေါင်း ပြောင်၍၊ ပ ခုံး ပွန်း သည့် တိုင် အောင်၊ တု ရု မြို့ တစ် ဘက် အ ရေး ကြီး သော အ မှု ကို၊ ထမ်း စေ သော် လည်း၊ မင်း သော် လည်း ကောင်း၊ ဗိုလ် ထု သော် လည်း ကောင်း၊ ထမ်း သော အ မှု အ တွက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည်၊ သူ၏​စစ်​သူ​ရဲ​တို့​ကို တု​ရု​မြို့​တစ်​ဖက်၌ များ​စွာ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ပြီ။ စစ်​သူ​ရဲ​တိုင်း ခေါင်း​တုံး​ပြီ။ ပ​ခုံး​လည်း ပွန်း​ပြီ။ သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​နှင့် စစ်​သူ​ရဲ​တို့​သည် တု​ရု​မြို့​တစ်​ဖက်၌ အ​မှု​ဆောင်​ရွက်​ခ​ကို ထို​မြို့​တွင် မ​ခံ​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 “​အချင်း​လူသား​၊ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​သည် သူ​၏​စစ်သည်​များ​အား တိုင်ရာ​မြို့​ကို ပြင်းပြင်းထန်ထန်​တိုက်ခိုက်​စေ​ခဲ့​သည်​။ စစ်သည်​တို့​လည်း ပခုံး​အဆစ်​ပြုတ်မတတ် ဦးဆွေးဆံမြည့်​တိုက်​ကြ​၏​။ ထိုသို့ အားသွန်ခွန်စိုက်​တိုက်ခိုက်​သော်လည်း ဘုရင်​အပါအဝင်​စစ်သည်​တို့​သည် တိုင်ရာ​မြို့​မှ မည်သည့်​အကျိုးကျေးဇူး​ကို​မျှ မ​ခံစား​ရ​ကြ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 29:18
5 ပူးပေါင်းရင်းမြစ်များ  

`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-


လူ​မျိုး​တ​ကာ​တို့​အား​ငါ​၏​အ​စေ​ခံ​နေ ဗု​ခဒ်​နေ​ဇာ​၏​လက်​အောက်​သို့​ကျ​ရောက်​စေ သူ​မှာ​ငါ​ပင်​ဖြစ်​၏။ ငါ​သည်​တော​တိ​ရစ္ဆာန် များ​ကို​ပင်​လျှင်​သူ​၏​အ​စေ​ကို​ခံ​စေ​လေ ပြီ။-


လူ​တိုင်း​ပင်​ဆံမုတ်​ဆိတ်​ပယ်​ကြ​လေ​ပြီ။ သူ တို့​သည်​မိ​မိ​တို့​၏​လက်​များ​ကို​ထိ​ရှ​၍ လျှော်​တေ​ကို​ဝတ်​ဆင်​ထား​ကြ​၏။-


သူ​တို့​သည်​သင်​၏​အ​ဖြစ်​ကို​မြင်​၍ ဦး​ခေါင်း​များ​ကို​ရိတ်​ကာ​ဝမ်း​နည်း​ပူ​ဆွေး သည့် လက္ခ​ဏာ​ဖြင့်​လျှော်​တေ​ကို​ဝတ်​ကြ​၏။ သူ​တို့​သည်​ဝမ်း​နည်း​ပက်​လက်​ဟစ်​အော် ငို​ကြွေး​ကြ​၏။ သူ​တို့​သည်​ငို​ကြွေး​မြည်​တမ်း​လျက်​သင်​နှင့် ဆိုင်​သော ငို​ချင်း​ကို​သီ​ဆို​ကြ​လိမ့်​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ