ယောလ 2:9 - Common Language Bible9 သူတို့သည်မြို့ရှိရာသို့ပြေးကြ၏။ မြို့ရိုးများကိုကျော်၍အိမ်များပေါ်သို့တက် ပြီးလျှင် သူခိုးသဖွယ်ပြူတင်းပေါက်များမှဝင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 မြို့ ကို တိုက် လာ ကြ ရာ၊ မြို့ ရိုး ကို ကျော် လျက်၊ အိမ် များ ကို တက် လျက်၊ သူ ခိုး ကဲ့ သို့ ပြ တင်း ပေါက် များ ဖြင့် ဝင် ကြ သော၊ အခန်းကိုကြည့်ပါ။Judson Bible9 မြို့ထဲမှာ တလည်လည်ပြေးလျက်၊ မြို့ရိုးကိုကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သူတို့သည် မြို့ထဲတွင် ကဆုန်ပေါက်နေကြ၏။ မြို့ရိုးပေါ်တွင် ပြေးလွှားနေကြ၏။ သူခိုးကဲ့သို့ပြတင်းပေါက်ကို ကျော်ပြီး အိမ်ပေါ်သို့တက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။