Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​လ 2:22 - Common Language Bible

22 အို သား​ရဲ​တိ​ရစ္ဆာန်​တို့​မ​စိုး​ရိမ်​ကြ​နှင့်။ စား​ကျက်​များ​သည် စိမ်း​လန်း​လျက်​ရှိ​၏။ သစ်​ပင်​များ​သည်​အ​သီး​သီး​လျက်​နေ​၏။ သ​ဖန်း​သီး​စ​ပျစ်​သီး​တို့​သည်​လည်း အ​မြောက်​အ​မြား​ရှိ​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 အို သား ယဉ် သား ရိုင်း တို့၊ မ ကြောက် ရွံ့ ကြ လင့်။ တော တောင် စား ကျက် များ သည် စိမ်း လန်း လျက်၊ သစ် ပင် များ သည် အ သီး သီး လျက်၊ သ ဖန်း၊ စ ပျစ် ပင် များ သည် ဖွံ့ ဖြိုး လျက် ရှိ ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အို တောတိရစ္ဆာန်​တို့​၊ မ​ကြောက်​ကြ​နှင့်​။ ကန္တာရ​သည် စိမ်းလန်း​သော​စားကျက်မြေ ဖြစ်လာ​မည်​။ အပင်​များ အသီး​သီး​မည်​။ သဖန်းပင်​နှင့် စပျစ်ပင်​တို့​လည်း အလွန်​ဖြစ်ထွန်း​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​လ 2:22
25 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။


စား​ကျက်​တို့​တွင်​သိုး​အုပ် ဆိတ်​အုပ်​များ​ရှိ​ပါ​၏။ တောင်​ကုန်း​တို့​သည်​သာ​ယာ​ရွှင်​လန်း​လျက်​ရှိ​ပါ​၏။


ကွင်း​ပြင်​တို့​သည်​သိုး​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​ပါ​၏။ ချိုင့်​ဝှမ်း​တို့​သည်​ဂျုံ​ပင်​များ​နှင့်​ဖုံး​လွှမ်း​လျက်​ရှိ​ပါ​၏။ အ​ရာ​ခပ်​သိမ်း​တို့​သည်​ရွှင်​လန်း​စွာ​အော်​ဟစ်​၍ သီ​ချင်း​ဆို​လျက်​ရှိ​ကြ​ပါ​၏။


မြေ​ကြီး​သည်​အ​သီး​အ​နှံ​များ​ကို​ဖြစ်​ပွား​စေ​ပြီ။ ငါ​တို့​၏​ဘု​ရား​သည်​ငါ​တို့​အား ကောင်း​ချီး​ပေး​တော်​မူ​ပြီ။


``ငါ​သည်​ဇိ​အုန်​မြို့​နှင့်​ထို​မြို့​၏​ပျက်​စီး​ယို​ယွင်း​လျက် ရှိ​သည့်​အ​ဆောက်​အ​ဦ​များ​တွင် နေ​ထိုင်​သူ​တို့​အား​က​ရု​ဏာ​ပြ​မည်။ ဇိ​အုန်​ဒေ​သ​သည်​တော​ကန္တာ​ရ​ပင်​ဖြစ်​သော်​လည်း ငါ​သည်​ယင်း​ကို​ဧ​ဒင်​အ​ရပ်​မှာ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​ဖြစ်​စေ​မည်။ ထို​အ​ရပ်​တွင်​လူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​လျက်၊ ထော​မ​နာ​သီ​ချင်း​ဆို​လျက်၊ငါ​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်​နေ​ကြ​လိမ့်​မည်။


ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။-


ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-


သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-


ထို​နည်း​တူ​ပင်​အ​မှား​အ​မှန်​ကို​မ​ဝေ​ခွဲ နိုင်​သည့်​က​လေး​သူ​ငယ်​တစ်​သိန်း​နှစ်​သောင်း ကျော်​နှင့်​တိ​ရစ္ဆာန်​အ​မြောက်​အ​များ​ရှိ​သော နိ​နေ​ဝေ​မြို့​ကို​ငါ​ပို​၍​နှ​မြော​သင့်​သည် မ​ဟုတ်​လော'' ဟု​မိန့်​တော်​မူ​၏။ ပ​ရော​ဖက်​ယော​န​၏​ဝတ္ထု​ပြီး​၏။


သင်​တို့​သည်​ဂျုံ​စ​ပါး​တင်း​နှစ်​ဆယ်​ရှိ​မည် ဟု​ခန့်​မှန်း​ရ​သည့်​စ​ပါး​ပုံ​သို့​သွား​ရောက် သော​အ​ခါ ဆယ်​တင်း​သာ​တွေ့​ရ​ကြ​သည် မ​ဟုတ်​ပါ​လော၊ စပျစ်​ရည်​အ​ချိန်​ငါး​ဆယ် ရ​ရှိ​လိမ့်​မည်​ဟု​ဆို​ကာ၊ စ​ပျစ်​ရည်​စည် ကြီး​သို့​သွား​သော​အ​ခါ​အ​ချိန်​နှစ်​ဆယ် သာ​တွေ့​ရှိ​ရ​သည်​မ​ဟုတ်​ပါ​လော။-


``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-


မျိုး​စေ့​ကို​စိုက်​သူ​နှင့်​ရေ​လောင်း​သူ​သည် အ​ဋ္ဌိ​က​မ​ဟုတ်။ အ​ပင်​ပေါက်​စေ​တော်​မူ သော​သူ​တည်း​ဟူ​သော​ဘု​ရား​သ​ခင်​သာ လျှင်​အ​ဋ္ဌိ​က​ဖြစ်​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ