ယောရှု 21:16 - Common Language Bible16 အဣနမြို့၊ ယုတ္တမြို့၊ ဗက်ရှေမက်မြို့များနှင့်တကွ ယင်းတို့၏ပတ်ဝန်းကျင်ရှိစားကျက်များဖြစ်၏။ ဖော်ပြပါကိုးမြို့တို့ကိုယုဒပြည်နယ်နှင့် ရှိမောင်ပြည်နယ်တို့မှသတ်မှတ်ပေးခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible16 အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့် မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တည်းဟူသော ထိုခရိုင်နှစ်ခရိုင်ထဲက ကိုးမြို့တို့ကိုလည်းကောင်း၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 အဣနမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ယုတ္တမြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ ဗက်ရှေမက်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ စသည်ဖြင့် မြို့ကိုးမြို့ကို အမျိုးအနွယ်နှစ်နွယ်ရသောအမွေမြေမှ ခွဲဝေပေးခြင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''