Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 10:27 - Common Language Bible

27 နေ​ဝင်​ချိန်​သို့​ရောက်​သော်​ယော​ရှု​က​အ​လောင်း များ​ကို​သစ်​ပင်​ပေါ်​မှ​ဖြုတ်​ချ​၍ သူ​တို့​ပုန်း အောင်း​နေ​ခဲ့​သော​လိုဏ်​ဂူ​ထဲ​သို့​ပစ်​သွင်း​ရန် အ​မိန့်​ပေး​လေ​သည်။ ထို​နောက်​လိုဏ်​ဂူ​ဝ​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​ပိတ်​ထား​စေ​ရာ ယ​နေ့​တိုင်​ကျောက်​တုံး​ကြီး​များ​ကို​တွေ့ မြင်​နိုင်​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 နေ ဝင် ချိန် တွင် ယော ရှု အ မိန့် အ ရ၊ အ လောင်း များ ကို ဖြုတ်၍၊ ပုန်း အောင်း ခဲ့ သော ဥမင် အ တွင်း ချ ထား ပြီး လျှင် ဥမင် ဝ ကို ကြီး စွာ သော ကျောက် များ ဖြင့် ပိတ် ဆို့ လျက် ယ နေ့ တိုင် တည် ရှိ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 နေ​ဝင်​ချိန်​ရောက်​သော​အ​ခါ၊ ယော​ရှု​စီ​ရင်​သည်​အ​တိုင်း သစ်​ပင်​မှ​ချ​ပြီး​လျှင်၊ သူ​တို့​ပုန်း​လျက်​နေ​ရာ လိုဏ်​ခေါင်း၌​ပစ်​ထား၍၊ လိုဏ်​ခေါင်း​ဝ​ပေါ်​မှာ ကြီး​စွာ​သော ကျောက်​တို့​ကို စု​ပုံ​ကြ၏။ ထို​ကျောက်​ပုံ​သည် ယ​နေ့​တိုင်​အောင်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 နေဝင်ချိန်​ရောက်​သောအခါ ယောရှု​အမိန့်ပေး​သဖြင့် ထို​ရှင်ဘုရင်​တို့​၏​အလောင်း​ကို သစ်ပင်​ပေါ်​မှ​ချ​ပြီး သူ​တို့​ပုန်းအောင်း​ခဲ့​သည့်​လိုဏ်ဂူ​ထဲသို့ ပစ်ထည့်​ကာ လိုဏ်ဂူ​ဝ​ကို ကျောက်တုံး​ကြီး​များ​ဖြင့် ပိတ်​ထား​လေ​၏​။ ထို​ကျောက်တုံး​ကြီး​များ​သည် ယနေ့​တိုင် ရှိ​သေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 10:27
5 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​အ​ဗ​ရှ​လုံ​၏​အ​လောင်း​ကို ယူ​၍ တော​ထဲ​တွင်​တွင်း​နက်​တစ်​ခု​ထဲ​သို့ ပစ်​ချ​ကာ ကျောက်​ခဲ​ပုံ​ကြီး​ဖြင့်​ဖုံး​အုပ် ထား​ကြ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည်​လည်း မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး သို့​ထွက်​ပြေး​ကြ​ကုန်​၏။


ယော​ရှု​သည်​ယော်​ဒန်​မြစ်​လယ်​တွင်​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ကို ပင့်​ဆောင်​သော​ယဇ်​ပု​ရော​ဟိတ် များ​ရပ်​သည့်​နေ​ရာ​၌​လည်း ကျောက်​တုံး​တစ် ဆယ့်​နှစ်​တုံး​ကို​စိုက်​ထူ​ထား​၏။ (ထို​ကျောက် တုံး​များ​သည်​ထို​နေ​ရာ​တွင်​ယ​နေ့​တိုင် တည်​ရှိ​၏။-)


သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။


အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ