Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 4:6 - Common Language Bible

6 ``ဘု​ရား​သ​ခင်​သည်​သင့်​အား​ကာ​ကွယ်​စောင့် ရှောက်​ရန်​ကောင်း​ကင်​တ​မန်​တို့​အား အ​မိန့်​ပေး​တော်​မူ​မည်​ဖြစ်​ရာ၊သူ​တို့​သည် သင်​၏​ခြေ​ကို​ကျောက်​ခဲ​များ​နှင့်​မ​ထိ​မ​ခိုက်​မိ စေ​ရန်၊ သင့်​အား​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု​ကျမ်း​စာ​တော်​တွင် ပါ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​အ​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သား​တော်​မှန်​လျှင်​အောက်​သို့​ခုန်​ချ​ပါ​လော့'' ဟု​လျှောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ကိုယ် တော် နှင့် စပ်၍ စေ တ မန် တော် တို့ အား မှာ ထား တော် မူ သည့် အ တိုင်း ကျောက် ခဲ နှင့် ခြေ ကို မ ခိုက် မိ စေ ရန် ချီ ပင့် ရ ကြ လိမ့် မည် ဟူ သော ကျမ်း ချက် အ ရ ဘု ရား သ ခင့် သား တော် မှန် လျှင် ကိုယ် ကို ချ လိုက် တော် မူ ပါ ဟု လျှောက် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့်​ချီပင့်​ကြ​လိမ့်မည်’​ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 “သင်​သည် ဘုရားသခင်​၏ သားတော်​မှန်​လျှင် အောက်​သို့ ခုန်ချလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ​တွင် ရေးသားထားသည်​မှာ ‘ဘုရားသခင်​သည် ကောင်းကင်တမန်များ​အား သင့်​ကို စောင့်ရှောက်​ရန် မှာထားတော်မူ​လိမ့်မည်။ သင်​၏​ခြေ​ကို ကျောက်​နှင့် မထိခိုက်​စေရန် သူတို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်ကြ​လိမ့်မည်’ ဟူ၍ ဖြစ်သည်” ဟု လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

6 ကျမ်း​စာ​လာ​သည်​ကား၊ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည် ဖြစ်၍၊ သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ သူ​တို့​သည်​သင့်​ကို လက်​နှင့် မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ကိုယ်​ကို အောက်​သို့​ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 4:6
9 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့းနွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။


အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​သက်​ကို ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​၏။ သူ​၏​အ​ရိုး​တစ်​ချောင်း​မျှ​ပင်​လျှင်​မ​ကျိုး မ​ပဲ့​ရ။


ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ​တို့ အား ကိုယ်​တော်​၏​ကောင်း​ကင်​တ​မန်​သည်​စောင့်​ကြပ် ကြည့်​ရှု​၍​ဘေး​အန္တ​ရာယ်​မှ​ကယ်​ဆယ်​တော်​မူ​၏။


သို့​ရာ​တွင်​ကိုယ်​တော်​က ``လူ​သည်​အ​စား​အ​စာ အား​ဖြင့်​သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​နှုတ်​တော်​ထွက်​စ​ကား​ရှိ​သ​မျှ​အား ဖြင့်​အ​သက်​ရှင်​ရ​မည်​ဟု​ကျမ်း​စာ​လာ​၏'' ဟူ ၍​မိန့်​တော်​မူ​၏။


သူ​တို့​ဤ​သို့​ပြု​ကြ​သည်​မှာ​အံ့​သြ​စ​ရာ​မ​ဟုတ်။ စာ​တန်​ပင်​လျှင်​အ​လင်း​၏​ကောင်း​ကင်​တ​မန် အ​သွင်​ကို​ယူ​ဆောင်​နိုင်​ပေ​သည်။-


ထို​သို့​ဖြစ်​ပါ​မူ၊ ကောင်း​ကင်​တ​မန်​များ​မှာ အ​ဘယ်​သို့​သော​သူ​များ​နည်း။ သူ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​မည့်​သူ​တို့​အား​ကူ​ညီ မ​စ​ရန် ဘု​ရား​သခင်​စေ​လွှတ်​တော်​မူ​သည့် အ​စေ​ခံ​ဝိ​ညာဉ်​များ​ဖြစ်​ပေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ