မဿဲ 22:12 - Common Language Bible12 သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 အ ဆွေ မင်္ဂ လာ ဆောင် အ ဝတ် မ ဆင် ဘဲ မည် သို့ ဝင် ဝံ့ သ နည်း ဟု မေး သော် မ ဖြေ နိုင် ဘဲ ရှိ နေ၏။ အခန်းကိုကြည့်ပါ။Judson Bible12 အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထိုအခါ ဘုရင်က ‘မိတ်ဆွေ… မင်္ဂလာပွဲဝတ်စုံကို မဝတ်ဘဲ မည်သို့ရောက်လာသနည်း’ ဟု မေးတော်မူ၏။ သို့သော် ထိုသူသည် မဖြေနိုင်ဘဲရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ12 အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- အခန်းကိုကြည့်ပါ။ |
သင်တို့သည်ဗာလဘုရားကိုအဘယ်အခါကမျှ ဝတ်မပြုရှိမခိုးခဲ့ပါ၊ မိမိတို့ကိုယ်ကိုမညစ်ညမ်းစေခဲ့ပါဟူ၍ အဘယ်သို့လျှင်ဆိုနိုင်မည်နည်း။ ချိုင့်ဝှမ်းထဲတွင်သင်တို့အဘယ်သို့ အပြစ် ကူးလွန်ခဲ့သည်ကိုကြည့်လော့။ သင်ပြုခဲ့သည့်အမှုကိုသိမှတ်လော့။ သင်သည်မုန်ယိုလျက်နေသည့်ကုလားအုတ် ပျိုကဲ့သို့၊ အချုပ်အချယ်မရှိဟိုမှသည်သို့ပြေး လျက်နေ၏။
ပညတ်တရားတွင်ပါရှိသည့်ပြဋ္ဌာန်းချက်မှန် သမျှသည် ပညတ်တရားစိုးမိုးမှုလက်အောက် တွင်ရှိနေသူများအတွက်ဖြစ်ကြောင်းယခု ငါတို့သိကြ၏။ ဤသို့ဖြစ်ရခြင်းအကြောင်း မှာလူတို့၏ဆင်ခြေဆင်လက်မှန်သမျှကို ရပ်စဲစေရန်နှင့် လူသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်တော်မူခြင်း ကိုခံစေရန်ဖြစ်ပေသည်။-
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။