Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 18:16 - Common Language Bible

16 သို့​ရာ​တွင်​သူ​သည်​သင်​၏​စ​ကား​ကို​နား​မ​ထောင် ပါ​မူ​သင်​၏​စွပ်​စွဲ​ချက်​မှန်​သ​မျှ​အ​တည်​ဖြစ် စေ​ရန် ကျမ်း​စာ​လာ​သည်​အ​တိုင်း​အ​သိ​သက်​သေ နှစ်​ယောက်​သုံး​ယောက်​ကို​ခေါ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မ နာ ယူ လျှင် မူ ကား သက် သေ ခံ နှစ် ဦး သုံး ဦး ထွက် ဆို က ပြစ် မှု ရှိ သ မျှ တည် စေ ရန် တစ် ဦး နှစ် ဦး ကို ခေါ် သွား ဦး လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 နား​မ​ထောင်​လျှင်​မူကား သက်သေ​နှစ်​ဦး​၊ သို့မဟုတ် သုံး​ဦး​၏​ထွက်ဆို​ချက်​အားဖြင့် စကား​အားလုံး​ကို​အတည်ပြု​စေရန်အခြား​တစ်​ဦး​၊ သို့မဟုတ် နှစ်​ဦး​ကို သင်​နှင့်အတူ​ခေါ်သွား​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ထိုသို့​မဟုတ်ဘဲ သင့်​စကား​ကို နားမထောင်​ပါက သင်​နှင့်အတူ အသိသက်သေ​တစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့​ကို​ခေါ်​၍ နောက်တစ်ကြိမ်​သွားလော့။ သို့မှသာ အမှုကိစ္စ​မှန်သမျှ​ကို သက်သေ​နှစ်ဦး၊ သို့မဟုတ် သုံးဦး​တို့​၏ ထွက်ဆိုချက်​အရ အတည်ပြု​ဆုံးဖြတ်​နိုင်မည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

16 သို့​မ​ဟုတ် သင်၏​စ​ကား​ကို နား​မ​ထောင်​လျှင်။ လူ​နှစ်​ဦး​သုံး​ဦး သက်​သေ​ခံ၍ စ​ကား​ရှိ​သ​မျှ​တို့​ကို တည်​စေ​ခြင်း​ငှာ ကိုယ်​နှင့်​အ​တူ လူ​တစ်​ဦး​နှစ်​ဦး​ကို ခေါ်​ဦး​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 18:16
10 ပူးပေါင်းရင်းမြစ်များ  

မ​သ​မာ​သူ​လူ​နှစ်​ယောက်​က​လည်း​ဘု​ရား​သ​ခင် နှင့် မင်း​ကြီး​အား​ပုတ်​ခတ်​ပြော​ဆို​မှု​နှင့်​နာ​ဗုတ် အား​လူ​ပုံ​အ​လယ်​တွင်​ပြစ်​တင်​စွပ်​စွဲ​ကြ​လေ သည်။ ထို့​ကြောင့်​လူ​တို့​သည်​သူ့​ကို​မြို့​ပြင်​သို့ ထုတ်​ပြီး​လျှင်​ခဲ​နှင့်​ပေါက်​သတ်​ကြ​၏။-


``လူ​သတ်​မှု​ဖြင့်​စွပ်​စွဲ​ခြင်း​ခံ​ရ​သူ​အား သက် သေ​နှစ်​ဦး​သို့​မ​ဟုတ်​နှစ်​ဦး​ထက်​ပို​၍​ရှိ​မှ သေ​ဒဏ်​စီ​ရင်​ရ​မည်။ သက်​သေ​တစ်​ဦး​တည်း ၏​စွပ်​စွဲ​ချက်​ဖြင့် ထို​သူ​အား​သေ​ဒဏ်​မ​စီ ရင်​ရ။-


သင်​တို့​၏​ပ​ညတ်​ကျမ်း​တွင် ``သက်​သေ​နှစ်​ဦး ထွက်​ဆို​လျှင်​အ​မှန်​ဖြစ်​၏'' ဟု​ဖော်​ပြ​ပါ ရှိ​၏။-


ယ​ခု​ငါ​သည်​တ​တိ​ယ​အ​ကြိမ်​သင်​တို့​ထံ​သို့ လာ​ခဲ့​မည်။ ကျမ်း​စာ​တော်​က​ဖော်​ပြ​သ​ကဲ့​သို့ ``အ​မှု ကိစ္စ​မှန်​သ​မျှ​ကို​သက်​သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက် ဆို​ချက်​အ​ရ​စီ​ရင်​ဆုံး​ဖြတ်​ရ​မည်။-''


သို့​ရာ​တွင်​သက်​သေ​ခံ​နှစ်​ဦး​သုံး​ဦး​ရှိ​မှ သာ​ထို​အ​ပြစ်​ရှိ​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။ သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ချက် ဖြင့်​ထို​သူ​ကို​သေ​ဒဏ်​မ​စီ​ရင်​ရ။-


``သက်​သေ​တစ်​ဦး​တည်း​၏​ထွက်​ဆို​ချက်​ဖြင့် လူ​တစ်​ယောက်​အား ပြစ်​မှု​ကူး​လွန်​သည်​ဟု မ​စီ​ရင်​ရ။ အ​နည်း​ဆုံး​သက်​သေ​နှစ်​ဦး​ရှိ မှ​လူ​တစ်​ယောက်​အား အ​ပြစ်​ရှိ​သည်​ဟု ဆုံး​ဖြတ်​ရ​မည်။-


သက်​သေ​ခံ​သူ​အ​နည်း​ဆုံး​နှစ်​ဦး​သုံး​ဦး​မ​ရှိ လျှင် သင်း​အုပ်​ဆ​ရာ​အား​ပြစ်​တင်​စွပ်​စွဲ​ချက် ကို​နား​မ​ထောင်​နှင့်။-


မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​မ​စောင့်​ထိန်း​သူ ယု​ဒ​အ​မျိုး​သား​မှန်​သ​မျှ​သည် အ​သိ​သက် သေ​နှစ်​ဦး​သုံး​ဦး​၏​ထွက်​ဆို​ချက်​အ​ရ အ​ပြစ်​ရှိ​ကြောင်း​တွေ့​ရှိ​ရ​ပါ​မူ၊ သ​နား ညှာ​တာ​မှု​မ​ရှိ​ဘဲ​သေ​ဒဏ်​ပေး​ခြင်း​ကို ခံ​ကြ​ရ​၏။-


ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ