Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 12:44 - Common Language Bible

44-45 ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

44 ထို အ ခါ၊ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခ စား လျက် နေ ကြ သော ကြောင့်၊ ယု ဒ အ မျိုး သား တို့ သည် အား ရ ဝမ်း မြောက် ကြ သည့် အ လျောက်၊ မြှောက် ဆက် ရာ အ လှူ၊ လက် ဦး လက် ဖျား၊ ဆယ် ဖို့ တစ် ဖို့ အ လှူ တည်း ဟူ သော ဝ တ္ထု များ သို ထား ရာ အ ခန်း များ ကို ကြည့် ရှု ရန် လည်း ကောင်း၊ ပ ညတ် တ ရား အ ရ ပ ရော ဟိတ် နှင့် လေ ဝိ ဂိုဏ်း သား တို့ ခံ စား အပ် သော ရိ က္ခာ ကို၊ မြို့ နယ် များ မှ ကောက် ခံ ရန် လည်း ကောင်း၊ ခန့် ထား ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

44 ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​တို့​သည် အ​မှု​တော်​ကို စောင့်​လျက်​နေ​သော​ကြောင့်၊ ယု​ဒ​အ​မျိုး​သား​တို့​သည် အား​ရ​ဝမ်း​မြောက်​ကြ​သည်​ဖြစ်၍၊ ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​သား​ခံ​အပ်​သော ပူ​ဇော်​သ​ကာ၊ အ​ဦး​သီး​သော​အ​သီး၊ ဆယ်​ဖို့​တစ်​ဖို့​ကို မြို့​နယ်​ကျေး​လက်​ထဲ​က သိမ်း​ယူ၍၊ သို​ထား​စ​ရာ ဘ​ဏ္ဍာ​တိုက်​များ​ကို အုပ်​ရ​သော​တိုက်​စိုး​တို့​ကို ခန့်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

44 ထို​နေ့​တွင် အလှူပစ္စည်း​များ​၊ အသီးဦး​များ​၊ ဆယ်ဖို့တစ်ဖို့​များ​ထားရှိ​ရာ သိုလှောင်တိုက်​အခန်း​များ​အုပ်ထိန်း​မည့်​သူ​တို့​ကို ခန့်ထား​ကြ​၏​။ သူ​တို့​သည် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ​အဖို့ ပညတ်တရားကျမ်း​တွင်​ပါ​သော​ဝေစု​အတိုင်း မြို့ရွာ​များ​ရှိ​လယ်ယာ​များ​မှ ကောက်ခံ​စုသိမ်း​ပေး​ရ​၏​။ အကြောင်းမူကား ယဇ်ပုရောဟိတ်​များ​နှင့် လေဝိသား​များ အမှု​တော်​ထမ်း​နေ​သည်​ကို ယုဒ​အမျိုး​တို့ နှစ်သက်​ဝမ်းမြောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 12:44
17 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​၏​အ​လုပ်​ဝတ္တ​ရား​များ​မှာ​ဗိ​မာန်​တော် တွင် ဝတ်​ပြု​ကိုး​ကွယ်​မှု​၌​အာ​ရုန်​၏​သား​မြေး ယဇ်​ပု​ရော​ဟိတ်​တို့​အား​ကူ​ညီ​ရန်၊ ဗိ​မာန် တော်​ဝင်း​နှင့်​အ​ခန်း​များ​ကို​ကြည့်​ရှု​စောင့် ထိန်း​ရန်၊ အ​မွန်​အ​မြတ်​ထား​သည့်​အ​ရာ ဟူ​သ​မျှ​ကို​သန့်​စင်​စွာ​ထား​ရှိ​ရန်​တို့​ဖြစ်​၏။-


အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​တို့ သည်​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​နှင့်​ဘု​ရား​သ​ခင် အ​တွက် ဆက်​ကပ်​ထား​သော​လှူ​ဖွယ်​ပစ္စည်း​များ သို​မှီး​ရာ ကုန်​လှောင်​ရုံ​များ​ကို​တာ​ဝန်​ယူ​၍ အုပ်​ချုပ်​ရ​ကြ​၏။-


တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-


ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ဖော်​ပြ​ထား​သည့် အ​တိုင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​အား​ဆက် ကပ်​ရန်​အ​တွက် မိ​မိ​တို့​၏​သား​ဦး​ကို​လည်း ကောင်း၊ မိ​မိ​တို့​နွား၊ သိုး၊ ဆိတ်​တို့​မှ​မွေး​ဖွား သည့်​သား​ဦး​ကို​လည်း​ကောင်း​ဗိ​မာန်​တော် ရှိ​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ မည်။


ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။


သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကူ အ​ညီ​ကို ယုံ​ကြည်​ကိုး​စား​သူ​တို့​မူ​ကား၊ ခွန်​အား​သစ်​ကို ရ​ရှိ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လင်း​ယုန်​ငှက်​ကဲ့​သို့​ပျံ​တက်​ကြ​လိမ့်​မည်။ ပြေး​သော်​လည်း​မော​ပန်း​ကြ​လိမ့်​မည်​မ​ဟုတ်။ ခ​ရီး​သွား​သော်​လည်း​နွမ်း​နယ်​ကြ​လိမ့်​မည်​မ​ဟုတ်။


သင်​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​အား​ယဇ် ပု​ရော​ဟိတ်​၏​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​ခန့် ထား​ရ​မည်။ မ​ဆိုင်​သူ​က​ယဇ်​ပု​ရော​ဟိတ် ဝတ္တ​ရား​များ​ကို​ဝင်​ရောက်​ဆောင်​ရွက်​လျှင် ထို​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်'' ဟု​မိန့် တော်​မူ​၏။


အ​ကယ်​၍​ငါ​တို့​၏​ဆု​ကျေး​ဇူး​သည်​သူ​တစ်​ပါး တို့​အား ကူ​ညီ​မ​စ​နိုင်​စွမ်း​ဖြစ်​ပါ​က​ကူ​ညီ​မ​စ ကြ​ရ​မည်။ ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​နိုင်​စွမ်း​ဖြစ်​လျှင် ဋ္ဌမ္မ​ပ​ညာ​ပို့​ချ​ကြ​ရ​မည်။-


သူ​သည်​အ​ခြား​သော​ယဇ်​ပု​ရော​ဟိတ်​များ​ရ ရှိ​သော​အ​စား​အ​စာ​ဝေ​စု​အ​တိုင်း​ရ​ရှိ​ရ မည့်​အ​ပြင် မိ​မိ​၏​မိ​သား​စု​ထံ​မှ​ပေး​ပို့ သ​မျှ​ကို​လည်း​ရ​ယူ​နိုင်​ခွင့်​ရှိ​သည်။''


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ