Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 9:10 - Common Language Bible

10 အို အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​မိ​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ပေး​အပ်​တော်​မူ​သော​ပ​ညတ်​တော်​များ အ​တိုင်း​လိုက်​နာ​ရန်​မိန့်​ကြား​သော်​လည်း အ​ကျွန်ုပ်​တို့​သည်​နား​မ​ထောင်​ခဲ့​ကြ​ပါ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​ရင်း၊ ပ​ရော​ဖက်​တို့​ဖြင့် အ​ကျွန်ုပ်​တို့၌ ထား​တော်​မူ​သော ပ​ညတ်​တ​ရား​တော်​လမ်း​သို့ လိုက်​ခြင်း​ငှာ၊ ဗျာ​ဒိတ်​တော်​အ​သံ​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​ကြ​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နား​မ​ထောင်​ကြ​ပါ​။ ကိုယ်တော်​၏​အစေအပါး​ပရောဖက်​တို့​အားဖြင့် အကျွန်ုပ်​တို့​အား ပေး​တော်မူ​သော​ပညတ်တရား​အတိုင်း မ​လိုက်လျှောက်​ကြ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 9:10
8 ပူးပေါင်းရင်းမြစ်များ  

ရှ​မာ​ရိ​မြို့​ကျ​ဆုံး​ရ​ခြင်း​မှာ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​စ​ကား​တော်​ကို​နား​မ​ထောင်​ဘဲ ကိုယ် တော်​ပြု​တော်​မူ​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ချိုး ဖောက်​ကာ ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ ပေး​အပ်​ခဲ့​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့် ထိန်း​ကြ​သော​ကြောင့်​ဖြစ်​၏။ သူ​တို့​သည်​စ​ကား တော်​ကို​နား​မ​ထောင်​အ​မိန့်​တော်​ကို​လည်း မ​လိုက်​နာ​ကြ။


ထို​အ​ခါ​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​က`သင် တို့​ဘိုး​ဘေး​များ​သည် ငါ့​ကို​စွန့်​ပစ်​၍​အ​ခြား ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သူ တို့​သည်​ငါ့​ကို​စွန့်​ပစ်​ကာ​ငါ​၏​သြ​ဝါ​ဒ များ​ကို​မ​လိုက်​နာ​ကြ။-


သို့​ရာ​တွင်​သူ​တို့​သည်​ဤ​ပြည်​ကို​ဝင်​ရောက် သိမ်း​ပိုက်​ရ​ကြ​သော​အ​ခါ ကိုယ်​တော်​ရှင် ၏​အ​မိန့်​တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ သြ​ဝါ​ဒ​တော်​တို့​ကို​လည်း​မ​ကျင့်​သုံး ကြ​ပါ။ ကိုယ်​တော်​ရှင်​ခိုင်း​စေ​သည့်​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ပြု​မ​လုပ်​ကြ​ပါ။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​ဘေး အန္တ​ရာယ်​ဆိုး​ကို​သူ​တို့​အ​ပေါ်​သို့​သက် ရောက်​စေ​တော်​မူ​ပါ​၏။


အ​ကျွန်ုပ်​တို့​သည်​မိ​မိ​တို့​၏​ဘု​ရင်​များ၊ မင်း ညီ​မင်း​သား​များ၊ ဘိုး​ဘေး​များ​မှ​စ​၍​ပြည် သူ​ပြည်​သား​အ​ပေါင်း​တို့​အား​နာ​မ​တော် ကို​အ​မှီ​ပြု​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော ဖက်​တို့​ဟော​ကြား​သည်​ကို​အ​ကျွန်ုပ်​တို့​မ လိုက်​နာ​ခဲ့​ကြ​ပါ။-


အ​တိတ်​ကာ​လ​၌​ဘု​ရား​သ​ခင်​သည်​ငါ​တို့ ဘိုး​ဘေး​တို့​အား​အ​ကြိမ်​ပေါင်း​များ​စွာ နည်း အ​မျိုး​မျိုး​ဖြင့်​ပ​ရော​ဖက်​များ​မှ​တစ်​ဆင့် ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ