ထွက်မြောက် 35:22 - Common Language Bible22 စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊ အခန်းကိုကြည့်ပါ။Garrad Bible22 ထာ ဝ ရ ဘု ရား ထံ ရွှေ ကို ဦး တိုက် လှူ ဒါန်း သော သူ အ ပေါင်း တို့ နှင့် တ ကွ၊ စိတ် စေ တ နာ ရှိ သော ယောက်ျား မိန်း မ တို့ လာ၍ ရွှေ တန် ဆာ သက် သက် ဖြစ် သော နှာ ကွင်း၊ နား တောင်း၊ လက် စွပ်၊ လည် ဆွဲ များ ကို ဆက် ကပ် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ကြည်ညိုသော စေတနာစိတ်ရှိသော ယောက်ျားမိန်းမတို့သည်၊ လက်ကောက်၊ နားတောင်း၊ လက်စွပ်၊ နှာခေါင်းဘူး၊ ရွှေတန်ဆာရှိသမျှကို ဆောင်ခဲ့သဖြင့်၊ လှူသောသူ အသီးအသီးတို့သည်၊ ထာဝရဘုရားအားရွှေကိုလှူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။ အခန်းကိုကြည့်ပါ။ |
ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-
ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
သို့ဖြစ်၍အကျွန်ုပ်တို့အသီးသီးသိမ်းယူ ရရှိသောရွှေတန်ဆာ၊ လက်ကောက်၊ ဘယက်၊ လက်စွပ်၊ နားဆွဲနှင့်လည်ဆွဲတို့ကိုကိုယ်တော် ထံသို့ယူဆောင်ခဲ့ကြပါသည်။ ထာဝရ ဘုရားသည်အကျွန်ုပ်တို့၏အသက်ကိုချမ်း သာပေးသောကြောင့် ထိုလက်ဝတ်တန်ဆာများ ကိုဆက်သပါသည်'' ဟုအစီရင်ခံကြ၏။-