Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 18:24 - Common Language Bible

24 မော​ရှေ​သည်​ယေ​သ​ရော​အ​ကြံ​ပေး​သည့် အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 မော ရှေ လည်း ယော က္ခ မ စ ကား ကို နာ ခံ သ ဖြင့် အ ကြံ ပေး သ မျှ အ တိုင်း ပြု လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 မော​ရှေ​သည်​လည်း ယော​က္ခ​မ၏​စ​ကား​ကို​နား​ထောင်​၍ စ​ကား​ရှိ​သည်​အ​တိုင်း ပြု​လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 မောရှေ​သည်​လည်း မိမိ​ယောက္ခမ​၏​စကား​ကို​နားထောင်​၍ ပြော​သမျှ​အတိုင်း​ပြု​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 18:24
10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​ဧ​လံ​သား​ချင်း​စု​မှ​ယေ​ဟေ​လ​၏ သား ရှေ​က​နိ​က​ဧ​ဇ​ရ​အား``အ​ကျွန်ုပ်​တို့​သည် လူ​မျိုး​ခြား​အ​မျိုး​သ​မီး​များ​နှင့်​ထိမ်း​မြား စုံ​ဖက်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​ကို​သစ္စာ ဖောက်​ကြ​ပါ​ပြီ။ သို့​သော်​လည်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် မျှော်​လင့်​စ​ရာ​ရှိ ပါ​သေး​၏။-


ထို့​ကြောင့်​ဧ​ဇ​ရ​သည်​ယဇ်​ပု​ရော​ဟိတ်​တို့ ၏​ခေါင်း​ဆောင်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​တို့​၏ ခေါင်း​ဆောင်​များ၊ ပြည်​သူ​တို့​၏​ခေါင်း​ဆောင် များ​အား​ရှေ​က​နိ​ပေး​သည့်​အ​ကြံ​အ​တိုင်း ဆောင်​ရွက်​ပါ​မည်​ဟူ​သော​သစ္စာ​က​တိ​ကို ပြု​စေ​၏။-


ကိုယ်​တော်​သည်​သူ​တို့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ပို့​ဆောင်​တော်​မူ​သည်​ဖြစ်​၍​သူ​တို့​သည် မ​ကြောက်​မ​လန့်​ကြ။ သို့​ရာ​တွင်​ပင်​လယ်​ရေ​သည်​သူ​တို့​၏​ရန်​သူ​များ​ကို လွှမ်း​မိုး​လေ​၏။


ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။-


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။


သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အ​ထဲ​မှ အ​ရည်​အ​ချင်း​ပြည့်​စုံ​သူ​တို့​ကို ရွေး​၍​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​တွင်​ခေါင်း​ဆောင်​များ​အ​ဖြစ် ခန့်​ထား​လေ​၏။-


ပညာရှိသောသူသည် နားထောင်သဖြင့်၊ ပညာ အတတ်တိုးပွါးရလိမ့်မည်။


ထို​ကြောင့်​မျက်​စိ​က​လက်​အား ``သင့်​ကို​ငါ အ​လို​မ​ရှိ'' ဟု​မ​ဆို​နိုင်။ ဦး​ခေါင်း​က​လည်း ခြေ​အား ``သင့်​ကို​ငါ​အ​လို​မ​ရှိ'' ဟု​မ​ဆို နိုင်။-


မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည်​သင်​တို့ အား​ခေါင်း​ဆောင်​ရ​သည့်​တာ​ဝန်​မှာ ငါ့​အ​တွက် အ​လွန်​ကြီး​လေး​လှ​သည်။ ငါ​တစ်​ဦး​တည်း ထို​တာ​ဝန်​ကို​မ​ထမ်း​နိုင်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ