တရားဟော 33:21 - Common Language Bible21 သူတို့သည်အကောင်းဆုံးနယ်မြေကိုရွေးယူ ကြ၏။ ခေါင်းဆောင်အနေဖြင့်ရထိုက်သောနယ်မြေကို သူတို့အားခွဲဝေပေးကြ၏။ ဣသရေလအမျိုးသားခေါင်းဆောင်တို့စုရုံး လာကြသောအခါ၊ သူတို့သည်ထာဝရဘုရား၏အမိန့်တော်နှင့် ပညတ်တော်များကိုလိုက်နာကြ၏။'' အခန်းကိုကြည့်ပါ။Garrad Bible21 အာ ဏာ ရှင်၏ ပိုင် စု ကို ခွဲ ခြား ပြီး ဖြစ် သည့် အ လျောက်၊ အ ထူး အ မြတ် ကို ကိုယ့် အ ဖို့ ရွေး ချယ် ပြီး လျှင်၊ လူ မျိုး တော်၏ အ အုပ် အ ချုပ် တို့ နှင့် တ ကွ ချီ ဝင်၍ ဣ သ ရေ လ လူ မျိုး၌ ထာ ဝ ရ ဘု ရား ဆုံး ဖြတ် တော် မူ ရာ တ ရား ချက် များ ကို စီ ရင် လေ ပြီ ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible21 ရှေ့ဦးစွာသောအဖို့ကို မိမိအဖို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သူသည် မိမိအဖို့အကောင်းဆုံးကိုရွေးချယ်၏။ ခေါင်းဆောင်ဝေစုကိုရယူထား၏။ လူမျိုး၏အကြီးအမှူးထံသို့လာ၍ အစ္စရေးလူမျိုးတို့နှင့်အတူ ထာဝရဘုရား၏ဖြောင့်မတ်ခြင်းတရားနှင့်စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာဆောင်ရွက်၏။ အခန်းကိုကြည့်ပါ။ |
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။