တရားဟော 25:8 - Common Language Bible8 ထိုအခါမြို့အကြီးအကဲတို့က ထိုမိန်းမ ၏မတ်ကိုခေါ်၍မေးမြန်းရမည်။ သူကထို မိန်းမနှင့်မစုံဖက်လိုပါဟူ၍ငြင်းဆန် နေသေးလျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible8 လူ ကြီး တို့ ခေါ် ငင် မေး မြန်း ကြ ရာ၊ မတ် က၊ ကျွန် တော် သည် မ ရီး နှင့် အိမ် ထောင် မ ပြု လို ပါ ဟု အ ခိုင် အ မာ ငြင်း ပယ် သော်၊ အခန်းကိုကြည့်ပါ။Judson Bible8 မြို့၌ အသက်ကြီးသူတို့သည် ထိုသူကိုခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ်မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင် အခန်းကိုကြည့်ပါ။ |
ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။