တရားဟော 19:12 - Common Language Bible12 သူနေရင်းမြို့မှအကြီးအကဲတို့သည်သူ့ အားခေါ်ဆောင်စေပြီးလျှင် သေဒဏ်ခတ်ရန် သေသူအတွက်လက်စားချေမည့်သူလက် သို့အပ်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible12 ပြေး ဝင် ရာ မြို့ က ခေါ် ဆောင် စေ ပြီး လျှင်၊ သေ ဒဏ် ခတ် ရန်၊ သေ စား သေ စေ သူ့ လက် တွင်း သို့ အပ် နှင်း ကြ စေ။ အခန်းကိုကြည့်ပါ။Judson Bible12 သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကိုစေလွှတ်၍ ထိုသူကိုဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏လက်၌ အပ်လိုက်ရကြမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူနေထိုင်သောမြို့မှ သက်ကြီးဝါကြီးတို့က လူလွှတ်၍ သူ့ကိုခေါ်ဆောင်လာစေပြီး သွေးကြွေးအတွက်လက်စားချေပေးသောသူ၏လက်သို့ အပ်ရမည်။ သူသည် အသတ်ခံရမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။