တောလည် 34:17 - Common Language Bible17 ``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။- အခန်းကိုကြည့်ပါ။Judson Bible17 အမျိုးသားတစ်မျိုးလျှင် မင်းတစ်ပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 “သင်တို့အတွက် အမွေမြေကို ခွဲဝေပေးမည့်သူတို့၏အမည်မှာ ယဇ်ပုရောဟိတ်ဧလာဇာနှင့် နုန်၏သားယောရှု ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
မောရှေသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း အောက်ဖော်ပြပါခေါင်းဆောင်တို့ကို ပါရန်တောကန္တာရမှစေလွှတ်လိုက်လေသည်။ အနွယ် ခေါင်းဆောင် ရုဗင် ဇက္ကုရ၏သားရှမွာ ရှိမောင် ဟောရိ၏သားရှာဖတ် ယုဒ ယေဖုန္နာ၏သားကာလက် ဣသခါ ယောသပ်၏သားဣဂါလ ဧဖရိမ် နုန်၏သားသြရှေ ဗင်္ယာမိန် ရာဖု၏သားပါတလိ ဇာဗုလုန် သောဒိ၏သားဂါဒျေလ မနာရှေ သုသိ၏သားဂဒ္ဒိ ဒန် ဂေမလ္လိ၏သားအမျေလ အာရှာ မိက္ခေလ၏သားသေသုရ နဿလိ ဝါဖသိ၏သားနာဘိ ဂဒ် မာခိ၏သားဂွေလ
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။