Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 33:1 - Common Language Bible

1 မော​ရှေ​နှင့်​အာ​ရုန်​ခေါင်း​ဆောင်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​မှ​အ​နွယ် အ​လိုက်​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။ သူ​တို့​၏ ခ​ရီး​စဉ်​ကို​ဖော်​ပြ​ပေ​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 မော ရှေ၊ အာ ရုန် တို့ လက် အောက် တွင် ဣ သ ရေ လ အ မျိုး သား တို့ သည် အိ ဂျစ် ပြည် မှ တပ် စဉ် အ လိုက် ထွက် လာ ကြ သည့် ကာ လ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 မော​ရှေ​နှင့်​အာ​ရုန်​စီ​ရင်၍ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုံး​အ​ရင်း​တို့​သည် ခ​ရီး​သွား​ခြင်း​အ​ကြောင်း​အ​ရာ​များ​ကို၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 မောရှေ​နှင့်​အာရုန်​တို့​၏​ဦးဆောင်မှု​ဖြင့် အီဂျစ်​ပြည်​မှ​တပ်ဖွဲ့​အလိုက်​ထွက်လာ​သော အစ္စရေး​အမျိုးသား​တို့​၏​ခရီးစဉ်​ကား ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 33:1
11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့် ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။


ကိုယ်​တော်​ရှင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​၏ ကွပ်​ကဲ​မှု​ဖြင့် မိ​မိ​၏​လူ​စု​တော်​အား​သိုး​ထိန်း​သ​ဖွယ် ပို့​ဆောင်​တော်​မူ​ပါ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရာ​မ​သက် မြို့​မှ သု​ကုတ်​မြို့​သို့​ခြေ​လျင်​ခ​ရီး​ဖြင့်​ထွက်​ခွာ လာ​ခဲ့​ကြ​၏။ အ​ရေ​အ​တွက်​အား​ဖြင့်​အ​မျိုး သ​မီး​နှင့်​က​လေး​များ​မ​ပါ​ဘဲ စု​စု​ပေါင်း လူ​ခြောက်​သိန်း​မျှ​ရှိ​လေ​သည်။-


နှစ်​ပေါင်း​လေး​ရာ​သုံး​ဆယ်​စေ့​သော​နေ့​၌ ပင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​ခဲ့​ကြ​၏။-


ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။


သို့​ဖြစ်​၍​သူ​တို့​အား​တော​ကန္တာ​ရ​ခ​ရီး ဖြင့် ဧ​ဒုံ​ပင်​လယ်​ဘက်​သို့​လှည့်​ပတ်​လျက် သွား​စေ​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​တွင်​စစ်​ပွဲ​ဝင်​ရန်​လက်​နက်​အ​ပြည့်​အ​စုံ ပါ​ရှိ​ကြ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လော့'' ဟု စေ​ခိုင်း​တော်​မူ​ခြင်း​ခံ​ရ​သူ​တို့​သည်​ကား အာ​ရုန်​နှင့်​မော​ရှေ​တို့​ဖြစ်​သ​တည်း။-


ငါ​သည်​သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် ခဲ့​၏။ ကျွန်​ခံ​ရာ​ဘ​ဝ​မှ​ကယ်​တင်​ခဲ့​၏။ သင် တို့​ကို​ရှေ့​ဆောင်​လမ်း​ပြ​ရန်​မော​ရှေ၊ အာ​ရုန် နှင့်​မိ​ရိ​အံ​တို့​ကို​ငါ​စေ​လွှတ်​ခဲ့​၏။-


ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း မော​ရှေ​သည် သူ​တို့​ရပ်​နား​ရာ​စ​ခန်း​အ​ဆင့် ဆင့်​တို့​၏​နာ​မည်​များ​ကို​မှတ်​သား​ထား လေ​သည်။


ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-


ယာ​ကုပ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် အီ​ဂျစ်​ပြည်​သို့​သွား​ရောက်​ကြ​သော​အ​ခါ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​အား နှိပ်​စက်​က​လူ​ပြု​ကြ​၏။ ထို​အ​ခါ​သင်​တို့ ၏​ဘိုး​ဘေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​အား ကယ်​တော်​မူ​ရန်​ဟစ်​အော်​တောင်း​လျှောက် ကြ​သ​ဖြင့် ကိုယ်​တော်​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​နှစ်​ဦး​တို့ သည်​သင်​တို့​၏​ဘိုး​ဘေး​များ​အား အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ကာ​ဤ​ပြည်​တွင်​နေ​ရာ ချ​ထား​ပေး​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ