တောလည် 15:31 - Common Language Bible31 အဘယ်ကြောင့်ဆိုသော်သူသည်ထာဝရ ဘုရား၏အမိန့်ကိုပစ်ပယ်၍ ပညတ်တော် ကိုတမင်သက်သက်ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူသည်အပြစ်အလျောက်သေ ဒဏ်ခံရမည်။ အခန်းကိုကြည့်ပါ။Garrad Bible31 ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို မ ထီ လေး စား ပြု လျက် ပ ညတ် တော် ကို ဖောက် ကျော် သည့် အ တွက် ဒု စ ရိုက် ဝန် ကို ထမ်း၍ မု ချ ပယ် ရှား ခံ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 သူသည် ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို ချိုးဖောက်သောကြောင့် သူသည် စင်စစ်ပယ်ဖျက်ခြင်းခံရမည်။ သူ၏ဒုစရိုက်သည် သူ့အပေါ်၌တည်၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-