ဇာခရိ 12:12 - Common Language Bible12 တိုင်းပြည်တွင်းရှိအိမ်ထောင်မိသားစုများ တစ်ခုစီခွဲ၍ ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဒါဝိဒ်မင်းမှဆင်းသက်သည့်အိမ်ထောင် မိသားစု၊ နာသန်မှဆင်းသက်သည့်အိမ် ထောင်မိသားစု၊- အခန်းကိုကြည့်ပါ။Garrad Bible12 ပြည် လုံး နှံ့ အိမ် ထောင် တိုင်း သည်၊ အ သီး အ ခြား မြည် တမ်း ကြ ရာ၊ ဒါ ဝိဒ် မင်း မျိုး သည် ယောက်ျား မိန်း မ အ ခြား စီ၊ နာ သန့် အ နွယ် သား တို့ သည် ယောက်ျား မိန်း မ အ ခြား စီ၊ အခန်းကိုကြည့်ပါ။Judson Bible12 တစ်ပြည်လုံး အမျိုးအနွယ်အသီးအသီး တစ်မျိုးတခြားစီ ငိုကြွေးမြည်တမ်း ကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 တစ်ပြည်လုံးတွင် မျိုးနွယ်စုအလိုက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏ကြင်ရာတော်များတစ်စု၊ နာသန်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊ အခန်းကိုကြည့်ပါ။ |
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
လူတို့ကိုခေါ်ယူစုဝေး၍မြင့်မြတ်သော စည်းဝေးပွဲ တစ်ရပ်ကိုပြင်ဆင်ကြလော့။ အသက်ကြီးသူများကိုခေါ်ဖိတ်၍ ကလေးသူငယ်များနှင့်၊နို့စို့ရွယ်များကိုပါ စုဝေးစေကြလော့။ ထိမ်းမြားမင်္ဂလာပြုပြီးခါစ ဇနီးမောင်နှံများပင်လျှင်မိမိတို့၏အခန်း များကို စွန့်ခွာလာရကြပေမည်။
သင်တို့သည်ဆုတောင်းပတ္ထနာအတွက်အချိန် ပေးရန် ကြိုတင်သဘောတူညီချက်အရခေတ္တ ဆိုင်းငံ့ခြင်းမှတစ်ပါး မိမိတို့၏လင်မယား ဝတ်များကိုမပျက်မကွက်ကြစေနှင့်။ ဆုတောင်း ပတ္ထနာပြုချိန်ကုန်ဆုံးသောအခါ၌မူ ပြန် လည်ပေါင်းသင်း၍နေကြလော့။ သို့မှသာလျှင် မိမိတို့၏စိတ်ကိုချုပ်တည်းနိုင်လျက် စာတန် သွေးဆောင်ခြင်းကိုခံနိုင်ကြလိမ့်မည်။