ဇာခရိ 1:21 - Common Language Bible21 ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 အ ဘယ် အ လုပ် ကြောင့် ရောက် လာ ကြ ပါ သ နည်း ဟု ငါ မေး လျှင်၊ ကိုယ် တော် က၊ ဤ ပန်း ပဲ များ သည်၊ ယု ဒ အ မျိုး ကို၊ မော်၍ ကြည့် ဝံ့ သူ မ ရှိ သည့် တိုင် အောင် ကွဲ လွင့် စေ သော ထို ဦး ချို များ ကို မောင်း နှင် အံ့ သော ငှာ လည်း ကောင်း၊ ယု ဒ ပြည် သူ ပြည် သား တို့ ကို ခွဲ လွှင့် မည့် အ ကြံ နှင့်၊ မြှောက် ခတ် သော လူ မျိုး ခြား တို့ ၏ ဦး ချို များ ကို ချ အံ့ သော ငှာ လည်း ကောင်း၊ ရောက် လာ ကြ သ တည်း ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှာလာပါသနည်းဟု မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှမျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ကို ကွဲပြားစေခြင်းငှာ တိုက်လာသောထိုဦးချိုတို့ကို ခြိမ်းမောင်း၍၊ တစ်ပါးအမျိုး၏ဦးချိုတို့ကို ရှုတ်ချသောသူ ဖြစ်ကြသည်ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ထိုအခါ ငါကလည်း “ဤသူတို့သည် မည်သည့်အတွက် လာကြသနည်း”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ဤချိုများသည် ယုဒလူမျိုးတစ်ယောက်မျှ ခေါင်းမဖော်ဝံ့အောင် ကွဲလွင့်စေသောချိုများ ဖြစ်၏။ ဤသူတို့မူကား ချိုထောင်၍ ယုဒလူမျိုးကိုကွဲလွင့်စေသောလူမျိုးခြားတို့ ကြောက်ရွံ့တုန်လှုပ်သွားအောင် သူတို့၏ချိုများကို ချိုးပစ်ရန် ရောက်လာခြင်းဖြစ်သည်”ဟု ပြန်ဖြေ၏။ အခန်းကိုကြည့်ပါ။ |
နောက်ဆုံး၌ထာဝရဘုရားသည်မိမိ ကြုံးဝါးတော်မူခဲ့သည့်အတိုင်းပြုတော် မူလေပြီ။ ကိုယ်တော်သည်ရှေးကာလ သတိပေးတော်မူခဲ့သည့်အတိုင်းငါတို့အား သနားကရုဏာကင်းမဲ့စွာသုတ်သင်ဖျက်ဆီး တော်မူလေပြီ။ ကိုယ်တော်သည်ငါတို့ရန်သူများအား အောင်ပွဲကိုပေးတော်မူ၍ ငါတို့ပြိုလဲမှုအတွက်ဝမ်းမြောက်စေတော်မူပါ၏။
ထိုကောင်းကင်တမန်သည် မိုးကောင်းကင် သို့လက်နှစ်ဖက်ကိုမြှောက်ချီကာ ကာလ အစဉ်အသက်ရှင်တော်မူသောဘုရားအား တိုင်တည်၍ကျိန်ဆိုသည်မှာ``သုံးနှစ်ခွဲမျှ ကြာလိမ့်ဦးမည်။ ဘုရားသခင်၏လူမျိုး တော်ခံရသောညှင်းဆဲနှိပ်စက်မှုများ ပြီးဆုံးချိန်၌ ဤအမှုအရာအပေါင်း တို့သည်လည်းပြီးဆုံးသွားလိမ့်မည်'' ဟု မြွက်ဆိုသည်ကိုငါကြားရ၏။
ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။