ဆာလံ 79:5 - Common Language Bible5 အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးတို့အားထာဝစဉ် အမျက်ထွက်လျက်နေတော်မူပါမည်လော။ အမျက်တော်သည်မပြေဘဲမီးကဲ့သို့တောက်လောင် နေပါမည်လော။ အခန်းကိုကြည့်ပါ။Garrad Bible5 အို ထာ ဝ ရ ဘု ရား၊ အ မျက် တော် မ ငြိမ်း ဘဲ၊ မည် မျှ ကြာ ထား လျက် နေ ပါ မည် နည်း။ ရှု စိတ် တော် မ မူ ခြင်း သည်၊ မီး ကဲ့ သို့ လောင် လျက် နေ မည် လော။ အခန်းကိုကြည့်ပါ။Judson Bible5 အို ထာဝရဘုရား၊ အမျက်တော်သည် အလျှင်းမငြိမ်းဘဲ အဘယ်မျှကာလပတ်လုံး ထွက်ပါမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်သည် မပြေ၊ မီးကဲ့သို့ လောင်ပါမည်နည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်နှင့်နှိုင်းယှဉ် အပ်သောအခြားဘုရားမရှိပါ။ ကိုယ်တော် သည်အသက်ရှင်ကျန်ရစ်သော ကိုယ်တော်၏ လူမျိုးတော်၏ပုန်ကန်သည့်အပြစ်များကို လွှတ်တော်မူပါ၏။ ကိုယ်တော်သည်အစဉ် အမြဲအမျက်ထွက်တော်မမူပါ။ ကိုယ်တော် သည်အကျွန်ုပ်တို့အားမေတ္တာကရုဏာထား တော်မူပါ၏။-
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။