Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 74:23 - Common Language Bible

23 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​အ​မျက်​ထွက်​၍​ဟစ် အော်​သံ၊ ကိုယ်​တော်​ရှင်​အား​ရန်​ဘက်​ပြု​သူ​တို့​၏​အ​စဉ်​မ​ပြတ် အော်​သံ​တို့​ကို​မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် ကို ရန် ဘက် ပြု သူ တို့ ဟိန်း သံ၊ ပုန် ကန် သူ တို့ ပြု မြဲ ရာ ဟုန်း သံ ကို မေ့ လျော့ တော် မ မူ ပါ နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ကိုယ်​တော်၏ ရန်​သူ​တို့​အ​သံ​ကို မေ့​လျော့​တော်​မ​မူ​ပါ​နှင့်။ ကိုယ်​တော်​ကို ပုန်​ကန်​သော​သူ​တို့၏ ရုန်း​ရင်း​ခတ်​ခြင်း​အ​သံ​သည် အ​စဉ်​မ​ပြတ် တိုး​တက်​လျက်​ရှိ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ကိုယ်တော့်​ရန်သူ​တို့​၏​အသံ​တည်းဟူသော ကိုယ်တော်​တစ်ဖက်​၌​ထကြွ​သော​သူ​တို့​ထံမှ အစဉ်မပြတ်​ထွက်ပေါ်​လာ​သည့် အုတ်အုတ်ကျက်ကျက်​အသံ​ကို မေ့လျော့​တော်​မ​မူ​ပါ​နှင့်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 74:23
9 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​မေ့​လျော့​၍ နေ​တော်​မူ​ပါ​မည်​နည်း။ ထာ​ဝ​စဉ်​မေ့​လျော့​၍​နေ​တော်​မူ​မည်​လော။ အ​ဘယ်​ကာ​လ​တိုင်​အောင်​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​မည်​နည်း။


ကိုယ်​တော်​ရှင်​သည်​ပင်​လယ်​ရေ​မြည်​ဟည်း​သံ​နှင့် လှိုင်း​လုံး​သံ​တို့​ကို​ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​သံ​များ​ကို​လည်း ငြိမ်​သက်​စေ​တော်​မူ​ပါ​၏။


ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​ဗိ​မာန်​တော်​ထဲ​၌ အောင်​သံ​ကြွေး​ကြော်​ကြ​ပါ​ပြီ။ ဗိ​မာန်​တော်​တွင်​အောင်​လံ​များ​ကို​စိုက်​ထူ​ကြ ပါ​ပြီ။


သင်​အ​မျက်​ထွက်​ပုံ၊ မာန်​မာ​န​ကြီး​ပုံ​တို့ ကို​ငါ​ကြား​သိ​ရ​လေ​ပြီ။ သို့​ဖြစ်​၍၊ ငါ​သည် သင့်​ကို​နှာ​ရှုတ်​တပ်​၍​ဇက်​ခွံ့​ပြီး​လျှင်​လာ လမ်း​အ​တိုင်း​ပြန်​စေ​မည်။''


သင်​၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​ကို​ပြောင်​လှောင်​ကြ​လျက်​မုန်း​စိတ်​နှင့် စိုက်​၍​ကြည့်​ကြ​၏။ သူ​တို့​သည်​မဲ့​ရွဲ့​ကာ​နှာ​ခေါင်း​ရှုံ့​လျက်``သူ့​ကို ငါ​တို့​သုတ်​သင်​ဖျက်​ဆီး​လိုက်​ကြ​လေ​ပြီ။ ဤ​နေ့​ကား​ငါ​တို့​စောင့်​မျှော်​နေ​ခဲ့​သည့်​နေ့​ပေ တည်း'' ဟု​ဆို​ကြ​၏။


ကိုယ်​တော်​က``သင်​သည်​နိ​နေ​ဝေ​မြို့​ကြီး​သို့​သွား​၍​သ​တိ​ပေး​လော့။ ထို​မြို့​သူ​မြို့​သား​တို့​သည်​အ​လွန်​ဆိုး​ယုတ်​ကြ​ကြောင်း​ကို​ငါ​သိ​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။-


သူ​တို့​သည်​သိုး​သူငယ်​တော်​ကို​စစ်​တိုက်​ကြ​လိမ့် မည်။ သိုး​သူ​ငယ်​တော်​သည်​အ​ရှင်​တ​ကာ​တို့​၏ အ​ရှင်၊ ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ သော​ကြောင့်​သူ​တို့​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ခေါ်​ယူ​ရွေး​ကောက်​တော်​မူ​သော​သူ၊ ကိုယ်​တော်​အား​သစ္စာ​ရှိ​သော​သူ​တို့​သည်​ကိုယ် တော်​နှင့်​အ​တူ​အောင်​ပွဲ​ဝင်​ခွင့်​ရ​ကြ​လိမ့် မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ