ဆာလံ 65:5 - Common Language Bible5 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၍ အောင်ပွဲကိုခံစေတော်မူပါ၏။ အံ့သြဖွယ်အမှုတို့ကိုပြုတော်မူလျက် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ၏။ ကမ္ဘာတစ်ဝန်းလုံးနှင့်ပင်လယ်ရပ်ဝေးတွင် ရှိကြကုန်သောသူအပေါင်းတို့သည်ကိုယ်တော် ရှင်အား ကိုးစားကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 အ ကျွန်ုပ် တို့ ကို ကယ် တင် ပိုင် ရှင်၊ မြေ ကြီး အ စွန်း နှင့် သ မု ဒ္ဒ ရာ အ ဖျား ရှိ ရှိ သ မျှ တို့ ၏ ကိုး စား ဖွယ် အ ရှင်၊ အို ဘု ရား သ ခင်၊ ကြောက် မက် ဖွယ် ဓ မ္မ မှု များ ဖြင့်၊ အ ကျွန်ုပ် တို့ အား တုံ့ ပြန် တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible5 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပတ္ထနာကိုနားထောင်၍ အံ့ဖွယ်သောအမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသောမြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ ကိုယ်တော်သည် အံ့ဩဖွယ်အမှုများဖြင့် ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်တို့ကိုထူးတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာမြေအစွန်းရှိသမျှနှင့် ဝေးလံသောပင်လယ်၌နေသောသူတို့၏ ကိုးစားရာဖြစ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်လျင်မြန်စွာလာ၍သူတို့အားကယ်တင်မည်။ ငါအောင်ပွဲခံရန်အချိန်သည်နီးကပ်၍လာလေပြီ။ လူမျိုးတကာတို့အားငါကိုယ်တိုင်ပင် အုပ်စိုးတော်မူမည်။ နိုင်ငံရပ်ခြားတိုင်းတစ်ပါးသားတို့သည် ငါလာမည်ကိုစောင့်မျှော်လျက်ရှိ၏။ မိမိတို့အားကယ်တင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်၊သူတို့သည်ငါ့ကို စောင့်မျှော်လျက်နေကြ၏။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-