Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 62:3 - Common Language Bible

3 သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 လူ တစ် ဦး ကို သတ် ရန် ယိမ်း ယိုင် သော နံ ရံ၊ နဲ့ သော ခြံ ဝင်း ကို ဖြို ဖျက် သ ကဲ့ သို့၊ သင် တို့ အ ပေါင်း သည် မည် မျှ ကြာ တိုက် နေ ကြ မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 သင်​တို့​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တစ်​ယောက်​သော​သူ​ကို တိုက်​ကြ​မည်​နည်း။ သူ့​ကို တိမ်း​သော​အုတ်​ရိုး၊ လှုပ်​သော ထ​ရံ​ကဲ့​သို့​မှတ်၍၊ သင်​တို့​အ​ပေါင်း​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ဖြို​ဖျက်​ကြ​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 သင်​တို့​သည် မည်မျှ​ကြာ​အောင် လူ​ကို​ပြင်းထန်​စွာ​တိုက်ခိုက်​ကြ​မည်နည်း​။ သင်​တို့​အားလုံး​သည် တိမ်းစောင်း​နေ​သော​နံရံ​နှင့် လှုပ်နဲ့​နေ​သော​ခြံစည်းရိုး​ကဲ့သို့​သော​သူ​ကို သတ်ဖြတ်​ကြ​မည်​လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 62:3
19 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​ကိုး​စား​သူ​တို့​သည် မ​ရွေ့​မ​ရှား၊အ​စဉ်​ခိုင်​ခံ့​တည်​မြဲ​သော ဇိ​အုန်​တောင်​ကဲ့​သို့​ဖြစ်​ကြ​၏။


သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ကို ငါ​အ​စဉ်​သိ​၏။ ကိုယ်​တော်​သည်​ငါ​၏​အ​နီး​၌​ရှိ​တော်​မူ​သ​ဖြင့် အ​ဘယ်​အ​ရာ​မျှ​ငါ့​ကို​တုန်​လှုပ်​စေ​နိုင်​မည် မ​ဟုတ်​ပါ။


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော​အ​ခါ​ကိုယ်​တော်​သည် ငါ့​အား​ရန်​သူ​များ​၏​လက်​မှ​ကယ်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။


သူ​တို့​သည်​မင်း​ကြီး​ကို​လုပ်​ကြံ​ရန်​မ​သ​မာ သော အ​ကြံ​အ​စည်​များ​ကို​ပြု​ကြ​၏။ သို့​ရာ​တွင်​အောင်​မြင်​ကြ​လိမ့်​မည်​မဟုတ်။


ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​လို​သူ​တို့​သည် ကျော့​ကွင်း​များ​ကို​ထောင်​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​အား​ဥ​ပဒ်​ပြု​လို​သူ​တို့​သည် ခြိမ်း​ခြောက်​ပြော​ဆို​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​လုပ်​ကြံ​ရန် အ​စဉ်​မ​ပြတ်​ကြံ​စည်​လျက်​နေ​ကြ​ပါ​၏။


အ​ချင်း​လူ​တို့၊သင်​တို့​သည်​အ​ဘယ်​ကာ​လ​တိုင် အောင် ငါ့​အား​စော်​ကား​ကြ​မည်​နည်း။ အ​ဘယ်​ကာ​လ​တိုင်​အောင်​သင်​တို့​သည် အ​ကျိုး​မ​ရှိ​သည့်​အ​ရာ​ကို​နှစ်​သက်​၍ အ​မှား​နောက်​သို့​လိုက်​ကြ​မည်​နည်း။


``သင်​တို့​သည်​မ​တ​ရား​သ​ဖြင့်​စီ​ရင်​ဆုံး​ဖြတ် မှု​ကို မ​ပြု​ကြ​တော့​နှင့်။ သူ​ယုတ်​မာ​တို့​၏​မျက်​နှာ​ကို​ထောက်​၍ တ​ရား​စီ​ရင်​မှု​ကို​မ​ကျင့်​သုံး​ကြ​တော့​နှင့်။


မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဘု​ရင်​ထံ​သို့​သွား ၍ ``သင်​သည်​ငါ​၏​အ​မိန့်​ကို​မည်​မျှ​ကြာ​အောင် မ​နာ​ခံ​ဘဲ​နေ​မည်​နည်း။ ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် တို့​သည် ငါ​၏​ပ​ညတ်​များ​ကို​မည်​မျှ​လောက် ကြာ​အောင်​မ​လိုက်​နာ​ဘဲ​နေ​ကြ​မည်​နည်း။-


အိုလူမိုက်တို့၊ သင်တို့သည်မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌ မွေ့ လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကို မုန်းလျက်၊ အဘယ်မျှကာလပတ်လုံးနေကြလိမ့်မည်နည်း။


အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။


အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ချမ်း​သာ​ရာ​ရ စေ​ရန် မိ​မိ​စိတ်​နှ​လုံး​ကို​ဆိုး​ညစ်​မှု​နှင့်​ကင်း စင်​စေ​လော့။ သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဆက်​လက်​၍​ဆိုး​ညစ်​စွာ​ကြံ​စည်​လျက်​နေ ဦး​မည်​နည်း။


ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-


သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ယုံ​ကြည်​ခြင်း​ကင်း​၍ လွန်​စွာ​ဖောက်​ပြန်​ကြ​ပါ​တ​ကား။ ငါ​သည်​သင်​တို့​နှင့် မည်​မျှ​ကြာ​အောင်​နေ​ရ​မည်​နည်း။ မည်​မျှ​ကြာ​အောင် သင်​တို့​အား​သည်း​ခံ​ရ​မည်​နည်း။ သူ​ငယ်​ကို​ငါ့​ထံ သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-


ယု​ဒ​အ​မျိုး​သား​တို့​က​လည်း ``ဤ​စ​ကား​များ သည်​ဟုတ်​မှန်​ပါ​၏'' ဟု​ဆို​ကာ​ပေါ​လု​ကို​ဝိုင်း ၍​စွပ်​စွဲ​ပြော​ဆို​ကြ​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​လျှင်​ရှော​လု အား ဋ္ဌမ္မ​တာ​အ​လျောက်​သေ​ချိန်​ရောက်​သည့်​အ​ခါ ၌​ဖြစ်​စေ၊ စစ်​ပွဲ​တွင်​ကျ​ဆုံး​သော​အ​ခါ​၌​ဖြစ် စေ​ဒဏ်​စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း အ​သက် ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​အား​ဖြင့် ငါ​သိ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ