ဆာလံ 55:4 - Common Language Bible4 ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။ သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ တွင်း စိတ် နှ လုံး သည် နာ ကျင်၍၊ သေ ဘေး ကို ကြောက် လန့် ခြင်း သည် သင့် ရောက် လျက် ရှိ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာ တုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကျွန်ုပ်၏စိတ်နှလုံးသည် အကျွန်ုပ်အထဲ၌ တုန်လှုပ်လျက်နေပါ၏။ သေခြင်းနှင့်ဆိုင်သော ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာများသည် အကျွန်ုပ်အပေါ်ကျရောက်လာပါ၏။ အခန်းကိုကြည့်ပါ။ |
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-