ဆာလံ 45:16 - Common Language Bible16 ကျွန်တော်မျိုး၏အရှင်မင်းမြတ်၊ဘိုးတော် တို့၏ အရိုက်အရာကိုဆက်ခံရန်အတွက် အရှင်မင်းကြီးမှာသားရတနာမြောက်မြားစွာ ထွန်းကားပါလိမ့်မည်။ အရှင်မင်းကြီးသည်သူတို့အားကမ္ဘာအရပ် ရပ်တွင် စိုးမိုးအုပ်ချုပ်မင်းလုပ်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible16 ဘိုး ဘေး တို့ ကိုယ် စား၊ သား တော် တို့ ပေါ် ထွန်း၍၊ မြေ ကြီး တစ် ပြင် လုံး တွင်၊ မင်း ဖြစ် စေ တော် မူ ရ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible16 ကိုယ်တော်၏အဘများကိုယ်စား သားများကိုရ၍၊ မြေကြီးတစ်ပြင်လုံးတွင် မင်းအရာ၌ ခန့်ထားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ကိုယ်တော်၏သားတို့သည် ကိုယ်တော့်ဘိုးဘေးတို့၏ အရိုက်အရာကိုဆက်ခံသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို ကမ္ဘာမြေတစ်ခွင်လုံး၌ အကြီးအကဲများဖြစ်စေတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-
ယင်းသို့ပထမအကြိမ်ရှင်ပြန်ထမြောက်ခြင်း တွင်ပါဝင်သူတို့သည်မင်္ဂလာရှိ၍ကောင်းချီး ကြွယ်ဝစွာခံစားရကြ၏။ ဒုတိယသေခြင်း သည်သူတို့အားအစိုးမရနိုင်ရာ။ သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ယဇ်ပုရော ဟိတ်များဖြစ်၍ခရစ်တော်နှင့်အတူအနှစ် တစ်ထောင်စိုးစံကြရလိမ့်မည်။