Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 24:2 - Common Language Bible

2 ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2 ကိုယ် တော် သည်၊ သ မု ဒ္ဒ ရာ ပေါ်၌ အ မြစ် ချ၍၊ ရေ အ လျဉ် များ ပေါ် တွင် တည် တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 အ​ကြောင်း​မူ​ကား၊ ထို​နေ​ရာ​ကို သ​မု​ဒ္ဒ​ရာ​ပေါ်​မှာ​တည်၍၊ ရေ​များ​ပေါ်​မှာ မြဲ​မြံ​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 အကြောင်းမူကား ကိုယ်တော်​သည် ၎င်း​ကို သမုဒ္ဒရာ​ပေါ်တွင်​တည်​၍ မြစ်​များ​ပေါ်တွင်​မြဲမြံ​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 24:2
14 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။


မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။


ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ ပေါ်​တွင် တည်​ဆောက်​တော်​မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​မိန့်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​လည်း​ကောင်း၊ နှုတ်​တော်​ထွက်​စ​ကား​အား​ဖြင့် နေ၊လ၊ကြယ်​တာ​ယာ​များ​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ​၏။


ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည် ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍ တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။


ကိုယ်​တော်​သည်​အ​နက်​ဆုံး​သော​မြေ​ကြီး နက်​ရှိုင်း​ရာ​များ​မှ အ​မြင့်​ဆုံး​သော​တောင်​ထိပ်​များ​တိုင်​အောင် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော်​မူ​၏။


``ထာ​ဝ​ရ​ဘု​ရား​သည်​ရှင်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာ တည်​စေ​တော်​မူ​သည်​ဖြစ်​၍​လှုပ်​ရှား​၍​မ​ရ နိုင်​ရာ။ ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​ကို​ဖြောင့်​မှန်​စွာ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟူ​၍ လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။


ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​တို့​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​မ​ကြောက်​ကြ​သ​နည်း။ ငါ​၏​ရှေ့​တော်​၌​အ​ဘယ်​ကြောင့်​မ​တုန်​မ​လှုပ်​ကြ​သ​နည်း။ ငါ​သည်​ပင်​လယ်​အ​တွက်​နယ်​နိ​မိတ်၊ ပင်​လယ်​ရေ​မ​ကျော်​မ​ဖြတ်​နိုင်​သည့်​အ​မြဲ​တမ်း​နယ်​နိ​မိတ်​ကို​သဲ​များ​ဖြင့်​သတ်​မှတ်​ထား​၏။ ပင်​လယ်​သည်​လှိုင်း​တံ​ပိုး​ထ​နိုင်​သော်​လည်း ထို​နယ်​နိ​မိတ်​ကို​မ​ဖြတ်​မ​ကျော်​နိုင်။ လှိုင်း​တံ​ပိုး​တို့​သည်​ထ​၍​မြည်​ဟည်း​သော်​လည်း ထို​နယ်​စပ်​ကို​မ​ကျော်​မ​လွန်​နိုင်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ