ဆာလံ 22:29 - Common Language Bible29 မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။ သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible29 ကြွယ် ဝ သော မြေ ကြီး သား ရှိ သ မျှ စား သောက် ရှိ ခိုး ရ လျက်၊ ကိုယ့် အ သက် ကို အ ရှင် မ ထား နိုင် ဘဲ၊ မြေ မှုန့် အ ဖြစ် သို့ ဆင်း ရ သ မျှ သော သူ တို့ သည် ရှေ့ တော် ၌ ဦး ညွှတ် ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible29 မြေကြီးပေါ်မှာ ကြွယ်ဝသောသူအပေါင်းတို့သည် စား၍ ကိုးကွယ်ကြလိမ့်မည်။ ကိုယ်အသက်ကို မစောင့်နိုင်။ မြေမှုန့်သို့ဆင်းရသော သူအပေါင်းတို့သည်လည်း၊ ရှေ့တော်၌ ညွှတ်ပျပ်ဝပ်တွား ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ကမ္ဘာမြေကြီးပေါ်ရှိ ကြွယ်ဝသောသူအပေါင်းတို့သည် စားသောက်လျက် ရှိခိုးကိုးကွယ်ကြလိမ့်မည်။ မိမိ၏စိတ်ဝိညာဉ်ကို မရှင်သန်စေနိုင်ဘဲ မြေမှုန့်သို့ဆင်းသွားရသောသူရှိသမျှတို့သည် ကိုယ်တော်၏ရှေ့တော်၌ ညွတ်တွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏လူစုအနက်မှ သေလွန်သွားကြသူတို့သည်၊တစ်ဖန်ပြန်၍ အသက်ရှင်လာကြပါလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များသည်အသက်ဝင်၍ လာပါလိမ့်မည်။ သင်္ချိုင်းတွင်း၌လဲလျောင်းနေသောသူသေတို့သည် ထ၍ရွှင်လန်းစွာသီချင်းဆိုကြပါလိမ့်မည်။ အရောင်လျှပ်သည့်ဆီးနှင်းများသည်ကမ္ဘာမြေ ကြီးကို ပြန်လည်စိမ်းလန်းလာစေသကဲ့သို့ ကာလကြာမြင့်စွာကပင်သေလွန်ခဲ့သော သူတို့ကိုထာဝရဘုရားသည်ပြန်၍ အသက်ရှင်စေတော်မူပါလိမ့်မည်။
မိခင်သည်သားငယ်ကိုနို့ချိုတိုက်ကျွေးသကဲ့သို့၊ လူမျိုးတကာတို့၏ဘုရင်များသည် သင့်ကိုကြည့်ရှုပြုစုကြလိမ့်မည်။ ငါထာဝရဘုရားသည်သင့်ကိုကယ်တင်တော် မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသားတို့၏အနန္တတန်ခိုးရှင် ဘုရားသခင်သည် သင့်အားကျွန်ဘဝမှလွတ်မြောက်စေတော်မူပြီ ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်သည်သိရှိရလိမ့်မည်။