Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 22:25 - Common Language Bible

25 ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက် ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 ပ ရိ သတ် တော် ကြီး ၌ အ ကျွန်ုပ် ချီး မွမ်း ရာ ချီး မွမ်း ကြောင်း ဖြစ် တော် မူ သည့် အ လျောက်၊ ခန့် ညား သူ တို့ ရှေ့ သ စ္စာ ဝတ် များ ကို အ ကျွန်ုပ် ဖြေ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 အ​ကျွန်ုပ်​သည် မ​ဟာ​ပ​ရိ​သတ်​အ​လယ်​မှာ ကိုယ်​တော်​ကို ချီး​မွမ်း၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​သူ​တို့​ရှေ့​မှာ၊ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ဖြေ​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 လူအစုအဝေး​ကြီး​အလယ်​၌ အကျွန်ုပ်​၏​ချီးမွမ်း​ခြင်း​အကြောင်း​သည် ကိုယ်တော့်​ထံ​မှ​လာ​ပါ​၏​။ ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​ရှေ့​၌ အကျွန်ုပ်​၏​ကတိသစ္စာ​များ​ကို​ပြည့်စုံ​စေ​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 22:25
11 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု​တော် အ​စည်း​အ​ဝေး​တွင်​ကိုယ်​တော်​၏​ကျေး​ဇူး တော်​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ချီး​မွမ်း​မည်။


ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​၏​သား​ချင်း​တို့​အား​ပြော ကြား​ပါ​မည်။ ထို​သူ​တို့​စည်း​ဝေး​ရာ​တွင်​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။


ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။


အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား​သစ္စာ​က​တိ ပြု​ခဲ့​သည့်​အ​တိုင်း​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​မည်။


အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​သည်​ဆု​တောင်း​ပတ္ထနာ​များ​ကို နား​ညောင်း​တော်​မူ​တတ်​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​သည်​ဇိ​အုန်​တောင်​တော် ပေါ်​တွင် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ထိုက်​ပါ​၏။ မိ​မိ​တို့​ပြု​ခဲ့​သည့်​က​တိ​သစ္စာ​ဝတ်​ကို​ဖြေ ထိုက်​ပါ​၏။ လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ အ​တွက် ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​တို့​၏​မှား​ယွင်း​ချက်​များ​သည် အ​လွန်​ပင်​များ​သော်​လည်း ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား အ​ပြစ်​ဖြေ​လွှတ်​တော်​မူ​ပါ​၏။


ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အိမ်​တော် သို့ မီး​ရှို့​ရာ​ပူ​ဇော်​သကာ​ကို​ယူ​ဆောင်​လာ​ပါ​မည်။ ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ပြု​ခဲ့​သည့် က​တိ​သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။


ဘု​ရား​သ​ခင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​အပေါင်း​တို့၊ လာ​၍​နား​ထောင်​ကြ​လော့။ ကိုယ်​တော်​သည်​ငါ့​အ​တွက်​အ​ဘယ်​သို့ ကျေး​ဇူး​ပြု​တော်​မူ​ကြောင်း​ကို​ငါ​ပြော​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ