Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 21:12 - Common Language Bible

12 မင်း​ကြီး​သည်​လေး​နှင့်​ခွင်း​တော်​မူ​လျက် သူ​တို့​အား တပ်​ခေါက်​၍​ထွက်​ပြေး​စေ​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ကိုယ် တော် သည် မျက် နှာ ရင် ဆိုင် လေး ညှို့ တင် လျက် ကျော ခိုင်း စေ တော် မူ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​ကြောင့် သူ​တို့​မျက်​နှာ​တစ်​ဖက်၌ လေး​မြား​တို့​ကို​ရွယ်၍၊ သူ​တို့​ကျော​ကို လှည့်​စေ​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကြောင်းမူကား ကိုယ်တော်​သည် ကိုယ်တော်​၏​လေးကြိုး​ကို​တင်​လျက် သူ​တို့​၏​မျက်နှာ​ကို​ချိန်​ထား​၍ သူ​တို့​ကို​နောက်​လှည့်ပြေး​စေ​တော်မူ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 21:12
11 ပူးပေါင်းရင်းမြစ်များ  

လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။


ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ပစ်​လွှတ်​တော် မူ​လျက် ရန်​သူ​များ​ကို​ကွဲ​လွင့်​စေ​တော်​မူ​၏။ လျှပ်​စစ်​ပြက်​စေ​တော်​မူ​လျက်​သူ​တို့​အား ထွက်​ပြေး​စေ​တော်​မူ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ထံ​မှ​ရန်​သူ များ​ကို ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​လည်း​မိ​မိ​ကို​မုန်း​သူ​တို့​အား ချေ​မှုန်း​သုတ်​သင်​ပစ်​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။


ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး တောင်း​လျှောက်​သော​နေ့​၌​ရန်​သူ​တို့​သည် တပ်​လန်​ကြ​ပါ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ငါ​၏​ဘက်​တွင်​ရှိ​တော်​မူ ကြောင်း​ကို ငါ​သိ​၏။


သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား မြား​တော်​ဖြင့်​ပစ်​တော်​မူ​၍​ချက်​ချင်း​ပင် ဒဏ်​ရာ​ရ​စေ​တော်​မူ​၏။


ကိုယ်​တော်​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​သည်​ဆုတ်​ခွာ ထွက်​ပြေး​ကြ​ပါ​၏။ သူ​တို့​သည်​လဲ​ကျ​သေ​ဆုံး​ကြ​ပါ​၏။


သင်​တို့​၏​စီ​မံ​ကိန်း​များ​ကို​ရေး​ဆွဲ​ကြ​လော့။ သို့​ရာ​တွင်​ထို​စီ​မံ​ကိန်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ​အောင်​မြင်​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​ပြော လို​သ​မျှ​သော​စ​ကား​များ​ကို​ပြော​ဆို​ကြ​လော့။ သို့​ရာ​တွင်​ယင်း​တို့​သည်​အ​ချည်း​နှီး​သာ​လျှင် ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော ကြောင့်​ဖြစ်​၏။


ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ