ဆာလံ 104:9 - Common Language Bible9 ကမ္ဘာမြေကြီးကိုနောက်တစ်ဖန်ရေမလွှမ်းမိုးစေရန် ကိုယ်တော်ရှင်သည်ရေတို့ကူးကျော်၍မရနိုင်သည့် နယ်နိမိတ်ကိုသတ်မှတ်ပေးတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible9 မြေ ကြီး ကို ပြန် ၍ မ လွှမ်း မိုး စေ ရန်၊ မ ကျော် ရ သော နယ် ခြား ကို သတ် မှတ် တော် မူ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ရေထုသည် ပြန်လှည့်လာ၍ ကမ္ဘာမြေကြီးကို မဖုံးလွှမ်းစေရန် သူတို့မကျော်ရမည့်နယ်နိမိတ်ကို သတ်မှတ်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-