ဆာလံ 103:21 - Common Language Bible21 ကိုယ်တော်၏အလိုတော်အတိုင်း လုပ်ဆောင်သူအစေခံများဖြစ်သော ကောင်းကင်အာဏာပိုင်အပေါင်းတို့၊ ထာဝရဘုရားအားထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible21 အ လို တော် ကို ဆောင် ရွက် သော အ မှု တော် ထမ်း ဗိုလ် ခြေ တော် အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား ကို ဩ ဘာ ဆက် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible21 အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်၍ အလိုတော်အတိုင်းလုပ်ဆောင်သော ကိုယ်တော်၏ကောင်းကင်ဗိုလ်ခြေအပေါင်းတို့၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။ |
ထိုနောက် ဣသရေလအမျိုးသားတို့ကဤပတ္ထနာကို ဆုတောင်းကြ၏။ ``အို ထာဝရဘုရားကိုယ်တော်သာလျှင် ထာဝရဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်သည်မိုးကောင်းကင်နှင့်ကောင်းကင် ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပါ၏။ မြေကြီးနှင့်ပင်လယ်ကိုလည်းကောင်း မြေကြီးပေါ်နှင့်ပင်လယ်တွင်ရှိသောအရာများ ကိုလည်းကောင်းဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အရာခပ်သိမ်းကို အသက်ရှင်စေတော်မူပါ၏။ မိုးကောင်းကင်ကြယ်နက္ခတ်တို့သည် ကိုယ်တော်အားဦးညွှတ်ရှိခိုးကြပါ၏။