ကမ္ဘာဦး 9:27 - Common Language Bible27 ဘုရားသခင်သည်ယာဖက်ကိုချီးမြှင့်ပါစေသော။ သူ၏အဆက်အနွယ်တို့သည်ရှေမ၏အမျိုးအနွယ်နှင့်အတူနေရပါစေသော။ ခါနာန်သည်ယာဖက်၏ကျွန်ဖြစ်ရပါစေသော'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible27 ဘု ရား သ ခင် သည် ယာ ဖက် ကို ကြီး ပွား စေ တော် မူ သ ဖြင့် ရှေ မ၏ တဲ များ တွင် နေ ရ ပါ စေ။ ခါ နာန် မူ မှာ အစ် ကို့ ကျွန် ဖြစ် ပါ စေ ဟု ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဘုရားသခင်သည် ယာဖက်ကိုကျယ်စေတော်မူသဖြင့်၊ ရှေမ၏တဲတို့တွင် နေပါစေ။ ခါနာန်မူကား၊ သူ၏ကျွန်ဖြစ်ပါစေဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ဘုရားသခင်သည် ယာဖက်ကို ကြီးပွားစေတော်မူပါစေသော။ သူသည် ရှေမ၏တဲတို့၌ နေရပါစေ။ ခါနာန်မူကား သူ၏ကျွန်ဖြစ်ပါစေ”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
ငါသည်သူတို့အားငါ၏ဂုဏ်သတင်းကို မကြားဘူး၊ ငါ၏ကြီးမြတ်သည့်တန်ခိုး တော်ကိုမမြင်ဘူးသည့်ရပ်ဝေးနိုင်ငံများ ဖြစ်သော တာရှုပြည်လိဗိယပြည်နှင့်ကျွမ်း ကျင်သူလေးသည်တော်များရှိရာလုဒ ပြည်သို့လည်းကောင်း၊ တုဗလပြည်နှင့် ဂရိတ်ပြည်သို့လည်းကောင်းငါစေလွှတ်မည်။ သူတို့သည်ထိုပြည်များမှလူတို့အား ငါ၏ဘုန်းတော်အကြောင်းကိုပြောကြား ရလိမ့်မည်။-
ယုဒအမျိုးသားတို့အပြစ်ကူးမှုသည်ကမ္ဘာ အား ကြွယ်ဝစွာကောင်းချီးခံစားစေသည်။ သူ တို့၏ဆုံးရှုံးမှုသည်လူမျိုးခြားတို့အားကောင်း ချီးများစွာခံစားစေပါလျှင် ယုဒအမျိုးသား တစ်ရပ်လုံးကခရစ်တော်ကိုယုံကြည်လက်ခံ လာကြသောအခါပို၍ပင်ကောင်းချီးခံစား ရကြလိမ့်မည်။
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။