ကမ္ဘာဦး 41:25 - Common Language Bible25 ထိုအခါယောသပ်က``အရှင်မင်းကြီးမြင် မက်သောအိပ်မက်နှစ်ရပ်တို့သည်အနက်တစ် မျိုးတည်းရှိပါသည်။ ဘုရားသခင်ကမိမိ ပြုတော်မူမည့်အမှုကိုကိုယ်တော်အားအသိ ပေးခြင်းဖြစ်ပါသည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ယော သပ် က လည်း အ ရှင် မင်း ကြီး မြင် မက် တော် မူ သော အိပ် မက် ကား၊ တစ် ပါး တည်း ဖြစ် ပါ၏။ ဘု ရား သ ခင် ပြု လ တ္တံ့ သော အ မှု ကို အ ရှင် မင်း အား ပြ တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible25 ယောသပ်ကလည်း၊ ဖာရောဘုရင်မြင်မက်တော်မူသော အိပ်မက်ကား တစ်ပါးတည်းဖြစ်ပါ၏။ ဘုရားသခင်ပြုလတ္တံ့သောအမှုကို ဖာရောဘုရင်အား ပြတော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 ထိုအခါ ယောသပ်က ဖာရောမင်းကြီးအား “အရှင်ဖာရောမင်းကြီး၏အိပ်မက်နှစ်ခုသည် အတူတူပင်ဖြစ်ပါ၏။ ဘုရားသခင်သည် မိမိပြုမည့်အမှုကို အရှင်ဖာရောမင်းကြီးအား ဖော်ပြတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
လူမျိုးတကာတို့အားတရားစီရင်ရာသို့ ဆင့်ခေါ်ကြလော့။ သူတို့၏အဘယ်မည်သောဘုရားတို့သည် အနာဂတ်ဟောစတမ်းကိုထုတ်နိုင်ပါသနည်း။ အဘယ်မည်သောဘုရားတို့သည်ယခုဖြစ် ပျက်ဆဲ အမှုအရာများကိုကြိုတင်ဟောကြားခဲ့ပါ သနည်း။ ထိုဘုရားတို့သည်မိမိတို့မှန်ကန်၍နေ ကြောင်း အထောက်အထားပြနိုင်ရန်နှင့် မိမိတို့ပြောဆိုခဲ့သည့်အတိုင်းဟုတ်မှန်၍ နေပုံကို အကိုးအကားပြနိုင်ရန်၊ အသိသက်သေများကိုခေါ်ဆောင်ခဲ့ကြပါစေ။
တောင်ပေါ်မှကျောက်တုံးတစ်လုံးသည် အလိုအလျောက်ပြုတ်ထွက်လာကာ သံ၊ ကြေးဝါ၊ ရွှံ့စေးသရွတ်၊ ငွေ၊ ရွှေတို့ဖြင့် ပြုလုပ်ထားသောရုပ်တုကြီးအားထိ မှန်သွားပုံကိုအရှင်မြင်တော်မူခဲ့ပါ၏။ ကြီးမြတ်တော်မူသောဘုရားသခင်သည် အရှင့်အား နောင်ဖြစ်လတ္တံ့သောအမှု အရာတို့ကိုဖွင့်ပြတော်မူခြင်းပင် ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်မြင်မက် သည့်အတိုင်း အိပ်မက်တော်ကိုတိကျ စွာဖော်ပြ၍ အိပ်မက်၏အနက်အမှန် ကိုလည်းအရှင့်အားဖော်ပြပြီးပါ ပြီ'' ဟုလျှောက်၏။