ကမ္ဘာဦး 38:29 - Common Language Bible29 သို့ရာတွင်ကလေးသည်လက်ကိုပြန်ရုပ်ရာအခြား အမြွှာသားကဦးစွာဖွားမြင်လာလေသည်။ ထို အခါဝမ်းဆွဲက``သင်သည်နိုင်လိုမင်းထက်ပြု၍ ထွက်လာသည်'' ဟုဆို၏။ ထိုကြောင့်ထိုကလေး အားဖာရက်ဟုနာမည်မှည့်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible29 ထို သား သည် လက် ကို ရုပ် ပြန် ရာ အ မြွာ ဘက် ဖွား သော် လက် သည် က၊ သင် ထိုး ဖောက် လေ ပြီ တ ကား ဟု ဆို ၍ ဖာ ရက် အ မည် ဖြင့် မှည့် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible29 သို့သော်လည်း ထိုသူသည်မိမိလက်ကိုရုပ်ပြန်၍ သူ့အစ်ကိုဖွားသည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့်အနိုင်အထက်ပြုရသနည်း။ အနိုင်အထက်ပြုသောဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ကိုဖာရက်အမည်ဖြင့် မှည့်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။ |
ယုဒအနွယ်မှအိမ်ထောင်စုပေါင်းခြောက်ရာ ကိုးဆယ်တို့သည် ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။ ယုဒ၏သားဖာရက်မှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာဥသဲဖြစ်၏။ သူသည်အမိ ဟုဒ်၏သား၊ သြမရိ၏မြေးတည်း။ သူ၏ အခြားဘိုးဘေးများတွင်ဣမရိနှင့် ဗာနိတို့ပါဝင်သည်။ ယုဒ၏သားရှေလမှဆင်းသက်လာသူတို့ ၏ခေါင်းဆောင်မှာအသာယဖြစ်၏။ သူသည် မိမိ၏အိမ်ထောင်ဦးစီးဖြစ်လေသည်။ ယုဒ၏သားဇေရမှဆင်းသက်လာသူ တို့၏ခေါင်းဆောင်မှာယွေလဖြစ်၏။