ကမ္ဘာဦး 35:8 - Common Language Bible8 ရေဗက္က၏အထိန်းဒေဗောရကွယ်လွန်၍ ဗေသလ တောင်ဘက်ရှိဝက်သစ်ချပင်အောက်၌အလောင်း ကိုမြှုပ်လေသည်။ ထိုကြောင့်ထိုအပင်ကို``မျက်ရည် ယိုဝက်သစ်ချပင်'' ဟုနာမည်မှည့်လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ထို နောက် ရေ ဗ က္က၏ အ ထိန်း ဒေ ဗော ရ သေ လွန် ရာ ဗေ သ လ အောက် ကျင်း ညန် ပင် ရင်း တွင် သင်္ဂြိုဟ် ကြ လေ ၏။ ထို အ ပင် ကို အာ လု မ္ဘာ ကုတ် ဟူ၍ ခေါ် ဝေါ် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible8 ရေဗက္က၏အထိန်းဒေဗောရသေ၍၊ ဗေသလအရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကိုခံရလေ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍တွင်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ထို့နောက် ရေဗက္ကာ၏အထိန်း ဒေဗောရသည် သေဆုံး၍ ဗေသလအရပ်အနိမ့်ပိုင်း၊ ဝက်သစ်ချပင်အောက်၌ သူ့ကိုသင်္ဂြိုဟ်လေ၏။ ထို့ကြောင့် ထိုအပင်၏အမည်ကို အာလုမ္ဘာကုတ် ဟုခေါ်၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
သင်သည်ထိုအရပ်မှနေ၍တာဗော်လွင်ပြင် ရှိ မြတ်သည့်ဝက်သစ်ချပင်သို့ရောက်သည်တိုင် အောင်သွားရမည်။ ထိုနေရာတွင်လူသုံးယောက် ကိုတွေ့လိမ့်မည်။ သူတို့သည်ဗေသလမြို့တွင် ဘုရားသခင်အားယဇ်ပူဇော်ရန်သွားကြ သူများဖြစ်၏။ သူတို့အနက်တစ်ယောက် သည်ဆိတ်သုံးကောင်ကိုဆွဲလျက်တစ်ယောက် ကမုန့်သုံးလုံးကိုကိုင်လျက်၊ အခြားတစ် ယောက်ကစပျစ်ရည်အပြည့်ပါသောသား ရေဘူးကိုဆောင်လျက်လာလိမ့်မည်။-