Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 31:43 - Common Language Bible

43 လာ​ဗန်​က``ဤ​သ​မီး​တို့​သည်​ငါ​၏​သ​မီး​များ ဖြစ်​၍ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ဤ​သိုး​အုပ် ဆိတ်​အုပ်​များ​သည်​လည်း​ငါ​၏​တိ​ရစ္ဆာန်​များ ဖြစ်​၏။ စင်​စစ်​အား​ဖြင့်​သင်​မြင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ​ပိုင်​၏။ သို့​သော်​လည်း​ငါ ၏​သ​မီး​များ​နှင့်​သူ​တို့​၏​သား​သ​မီး​တို့ ကို​ငါ​စောင့်​ရှောက်​ထား​ရန်​မ​ဖြစ်​နိုင်​တော့ သ​ဖြင့်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 လာ ဗန် က၊ ဤ သ မီး တို့ သည် ငါ့ သ မီး၊ ဤ သူ ငယ် တို့ သည် ငါ့ သူ ငယ်၊ ဤ သိုး ဆိတ် တို့ သည် ငါ့ သိုး ဆိတ် ဖြစ် ကြ၏။ မြင် လေ သ မျှ သော အ ရာ များ သည် ငါ ပိုင် ဖြစ် ကုန်၏။ ငါ့ သ မီး တို့ အား လည်း ကောင်း၊ သူ တို့ ဖွား သော သူ ငယ် တို့ အား လည်း ကောင်း၊ ယ နေ့ မည် သို့ ငါ ပြု နိုင် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 လာ​ဗန်​က​လည်း၊ ဤ​သ​မီး​တို့​သည် ငါ့​သ​မီး​ဖြစ်​ကြ၏။ ဤ​သူ​ငယ်​တို့​သည်၊ ငါ့​သား​ဖြစ်​ကြ၏။ ဤ​တိ​ရ​စ္ဆာန်​တို့​လည်း၊ ငါ့​တိ​ရ​စ္ဆာန်​ဖြစ်​ကြ၏။ မြင်​သ​မျှ​သော ဥ​စ္စာ​သည်​ငါ့​ဥ​စ္စာ​ဖြစ်၏။ ငါ့​သ​မီး​တို့၌​လည်း​ကောင်း၊ သူ​တို့​ဖွား​မြင်​သော ငါ့​သူ​ငယ်​တို့၌​လည်း​ကောင်း၊ အ​ဘယ်​သို့​ငါ​ပြု​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 လာဗန်​က​လည်း “​ဤ​သမီး​တို့​သည် ငါ့​သမီး​၊ ဤ​ကလေး​တို့​သည် ငါ့​ကလေး​၊ ဤ​သိုးဆိတ်​တို့​သည်​လည်း ငါ့​သိုးဆိတ် ဖြစ်​ကြ​၏​။ သင်​မြင်​နေ​သမျှ​တို့​သည် ငါ့​ဥစ္စာ​ဖြစ်​ကြ​၏​။ ဤ​ငါ့​သမီး​တို့​အတွက်​လည်းကောင်း​၊ သူ​တို့​မွေးဖွား​သော သားသမီး​များ​အတွက်​လည်းကောင်း ယနေ့ ငါ​မည်သည့်​အရာ​ကို​ပြု​ပေး​နိုင်​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 31:43
3 ပူးပေါင်းရင်းမြစ်များ  

လာ​ဗန်​၏​သား​တို့​က``ငါ​တို့​၏​ဖ​ခင်​ပိုင်​သ​မျှ ပစ္စည်း​တို့​ကို​ယာ​ကုပ်​ယူ​သွား​လေ​ပြီ။ ဖ​ခင်​ပိုင် ဆိုင်​သော​ပစ္စည်း​ဖြင့်​သူ​၌​စီး​ပွား​တက်​လာ​ပြီ'' ဟူ​၍​ပြော​ဆို​သံ​ကို​ယာ​ကုပ်​ကြား​သိ​ရ​လေ သည်။-


နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လာ​ဗန်​သည် သူ​၏​မြေး​များ​နှင့်​သမီး​တို့​ကို​နမ်း​ရှုပ်​နှုတ် ဆက်​၍ ကောင်း​ချီး​ပေး​ပြီး​လျှင်​မိ​မိ​နေ​ရပ် သို့​ပြန်​လေ​၏။


သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ