ကမ္ဘာဦး 30:20 - Common Language Bible20 ထိုအခါသူက``ဘုရားသခင်သည်ငါ့အား လက်ဆောင်ကောင်းကိုပေးသနားတော်မူပြီ။ ငါ သည်သားခြောက်ယောက်ကိုဖွားမြင်ပေးသဖြင့် ယခုငါ၏လင်ယောကျာ်းသည်ငါ့ကိုမြတ်နိုး လိမ့်မည်'' ဟုဆိုလျက်ထိုသားကိုဇာဗုလုန် ဟူ၍နာမည်မှည့်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible20 လေ အာ က၊ ဘု ရား သ ခင် သည် ကောင်း မွန် စွာ လက် ဖွဲ့ တော် မူ ပြီ။ သား ခြောက် ယောက် ကို ငါ ဖွား မြင် သော ကြောင့် လင် သည် ယ ခု ငါ ကို ဂုဏ် ရောက် စေ မည် ဟု ဆို လျက် ဇာ ဗု လုန် အ မည် ဖြင့် မှည့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ဘုရားသခင်သည်၊ ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဖွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟုဆို၍၊ ထိုသားကို ဇာဗုလုန်အမည်ဖြင့် မှည့်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ထိုအခါ လေအာက “ဘုရားသခင်သည် ကောင်းသောလက်ဆောင်ကို ငါ့အားပေးတော်မူပြီ။ ငါသည် ငါ့ယောက်ျားအတွက် သားခြောက်ယောက်ကိုမွေးဖွားပြီဖြစ်၍ ဤတစ်ကြိမ်တွင် သူသည် ငါ့ကိုတန်ဖိုးထားလိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ဇာဗုလုန် ဟုမှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါရှောလုက``သင်တို့သည်ဒါဝိဒ်အား မင်းကြီးသည်သင့်အားသမီးတော်ကိုပေးရ သည့်အတွက်လက်ဆောင်အဖြစ် သင့်ထံမှ ဖိလိတ္တိအမျိုးသားလူသေအလောင်းတစ်ရာ တို့၏အရေဖျားများကိုသာလျှင် ရန်သူ တို့အားလက်စားချေသည့်အနေဖြင့်အလို ရှိတော်မူသည်ဟုပြောကြားလော့'' ဟု အမိန့်ပေးတော်မူ၏။ (ရှောလုဤသို့ပြု ခြင်းမှာဖိလိတ္တိအမျိုးသားတို့၏လက် ဖြင့်ဒါဝိဒ်အသတ်ခံရရန်ဖြစ်၏။-)