Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 30:16 - Common Language Bible

16 ည​နေ​ခင်း​၌​ယာ​ကုပ်​လယ်​ထဲ​မှ​ပြန်​လာ​သော အ​ခါ လေ​အာ​သည်​ဆီး​ကြို​၍``ကျွန်​မ​၏​သား​ရ ခဲ့​သော​အ​နု​ဆေး​သီး​ကို​ရာ​ခေ​လ​အား​ပေး သ​ဖြင့် ရှင်​ကျွန်​မ​နှင့်​အ​တူ​ယ​နေ့​ည​အိပ်​ရ​မည်'' ဟု​ပြော​ရာ​ထို​ည​၌​ယာ​ကုပ်​သည်​လေ​အာ​နှင့် အိပ်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ည နေ အ ချိန် ဂျုံ ခင်း မှ ယာ ကုပ် ပြန် လာ သော အ ခါ လေ အာ သည် ထွက်၍ ကြို ဆို ပြီး လျှင် ကျွန် မ ထံ အ မောင်၀င် ရ မည်။ ကျွန် မ သား၏ အ နု ဆေး သီး အ ခ နှင့် အ မောင် ကို ကျွန် မ မု ချ ငှါး ရ ပါ သည် ဟု ဆို သည့် အ တိုင်း ထို ညဉ့် တွင် သူ နှင့် အိပ် ရ လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ညဉ့်​ဦး​အ​ချိန်၌၊ လယ်​ပြင်​မှ​ယာ​ကုပ်​လာ​သော​အ​ခါ၊ လေ​အာ​သည် ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​သွား၍၊ သင်​သည် အ​ကျွန်ုပ်​ထံ​သို့​ဝင်​ရ​မည်။ အ​ကျွန်ုပ်၏​သား​ရ​ခဲ့​သော အ​နု​ဆေး​သီး​နှင့် သင့်​ကို​အ​ကျွန်ုပ်​ငှား​သည်​မှန်​ပါ၏​ဟု ဆို​သ​ဖြင့်၊ ထို​နေ့​ည​တွင် သူ​နှင့်​အိပ်​ရ​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ယာကုပ်​သည် နေဝင်ချိန်​၌ လယ်​မှ​ပြန်လာ​သောအခါ လေအာ​သည် သူ့​ကို​ကြိုဆို​ရန်​ထွက်သွား​၍ “​အကျွန်ုပ်​သည် အကျွန်ုပ်​၏​သား​ရ​ခဲ့​သော​ဒူးဒဲပင်​တို့​နှင့် သင့်​ကို​အမှန်ပင်​ငှား​ထား​ပြီ​ဖြစ်၍ သင်​သည် အကျွန်ုပ်​ထံသို့​ဝင်​ရ​မည်​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​ည​၌ ယာကုပ်​သည် လေအာ​နှင့်အတူ​အိပ်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 30:16
3 ပူးပေါင်းရင်းမြစ်များ  

ဂျုံ​စ​ပါး​ရိတ်​သိမ်း​ချိန်​၌​ရုဗင်​သည်​လယ်​ထဲ​သို့ သွား​ရာ​၌ အ​နု​ဆေး​သီး​ကို​တွေ့​သ​ဖြင့်​မိ​ခင် လေ​အာ​ထံ​သို့​ယူ​ခဲ့​သည်။ ရာ​ခေ​လ​က​လေ​အာ အား``သင့်​သား​ယူ​ခဲ့​သော​အ​နု​ဆေး​သီး​အ​ချို့ ကို​ပေး​ပါ'' ဟု​တောင်း​လေ​၏။


လေ​အာ​က``သင်​သည်​ငါ​၏​လင်​ယောကျာ်း​ကို​ယူ​ရုံ ဖြင့်​အား​မ​ရ​ဘဲ ယ​ခု​ငါ့​သား​၏​အ​နု​ဆေး​သီး ကို​ယူ​ချင်​ပြန်​ပြီ​လော'' ဟု​ဆို​လေ​၏။ ရာ​ခေ​လ​က``သင့်​သား​၏​အ​နု​ဆေး​ပင်​များ​ကို ပေး​လျှင် သင်​သည်​ယ​နေ့​ည​ယာ​ကုပ်​နှင့်​အ​တူ အိပ်​နိုင်​သည်'' ဟု​ပြန်​ပြော​လေ​၏။


ဘု​ရား​သ​ခင်​သည်​လေ​အာ​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​သည်​ကိုယ်​ဝန်​ဆောင် ၍​ပဉ္စမ​သား​ကို​ဖွား​မြင်​လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ