ကမ္ဘာဦး 29:32 - Common Language Bible32 မကြာမီလေအာသည်ကိုယ်ဝန်ဆောင်၍သား တစ်ယောက်ကိုဖွားမြင်သော်သူက``ထာဝရ ဘုရားသည်ငါ၏ဒုက္ခကိုမြင်တော်မူပြီ။ ယခု ငါ၏လင်ယောကျာ်းသည်ငါ့အားချစ်လိမ့်မည်'' ဟုဆို၍ထိုသားကိုရုဗင်ဟုနာမည်မှည့် လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible32 ရာ ခေ လ မူ ကား မြုံ၏။ လေ အာ သည် သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် ရာ ငါ့ စိတ် ဒု က္ခ ကို ထာ၀ ရ ဘု ရား ရှု မြင် တော် မူ ပြီ ဖြစ်၍ ယ ခု ငါ့ ကို ငါ့ လင် စုံ မက် လိမ့် မည် ဟု ဆို လျက် ရု ဗင် အ မည် ဖြင့် မှည့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible32 လေအာသည်ပဋိသန္ဓေယူသဖြင့်၊ သားကိုဖွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန်ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ်လိမ့်မည်ဟု ဆိုသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း32 လေအာသည် ကိုယ်ဝန်ဆောင်၍ သားကိုမွေးဖွားသော် “ထာဝရဘုရားသည် ငါခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူပြီ။ အကယ်စင်စစ် ငါ့ယောက်ျားသည် ယခုငါ့ကိုချစ်လိမ့်မည်”ဟု ဆိုလျက် ထိုသား၏အမည်ကို ရုဗင် ဟုမှည့်ခေါ်လေ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍အာဗြဟံနှင့်ဣဇာက်တို့ကိုးကွယ် သောဘုရားသခင်သည်ကျွန်ုပ်တို့နှင့်အတူ မရှိခဲ့လျှင် သင်သည်ကျွန်ုပ်ကိုလက်ချည်းသက် သက်စေလွှတ်လိုက်မည်ဖြစ်၏။ သို့သော်လည်း ဘုရားသခင်သည်ကျွန်ုပ်ခံရသောဆင်းရဲ ခြင်း၊ ပင်ပန်းစွာလုပ်ကိုင်ရခြင်းတို့ကိုသိ မြင်တော်မူသဖြင့်ယမန်နေ့ညကသင့်ကို ဆုံးမတော်မူပြီ'' ဟုလာဗန်အားဆိုလေ၏။
ရုဗင်၏သားမြေးများကားအောက်ပါ အတိုင်းဖြစ်၏။ (ရုဗင်သည်ဣသရေလ ၏သားဦးဖြစ်သော်လည်း အဖ၏မောင်းမ တစ်ယောက်နှင့်ပြစ်မှားသဖြင့် သားဦး၏ အခွင့်အရေးများကိုဆုံးရှုံးရလေသည်။ ထိုအခွင့်အရေးများသည်ဣသရေလ ၏သားယောသပ်၏လက်သို့ရောက်ရှိ သွား၏။ သို့ဖြစ်၍သားစဉ်မြေးဆက် အလိုက်ရေတွက်သောအခါ သားဦး အရာကိုရုဗင်မရရှိပေ။-
ထိုနောက်ထာဝရဘုရားက``ငါ၏လူမျိုး တော်သည် အီဂျစ်ပြည်တွင်ခံရသောဆင်းရဲ ဒုက္ခကိုငါဒိဌတွေ့မြင်ရပြီ။ သူတို့ကိုစေ ခိုင်းသောသခင်တို့၏ညှင်းပန်းခြင်းကိုမခံ မရပ်နိုင်သောကြောင့် သူတို့အော်ဟစ်၍အကူ အညီတောင်းခံသံကိုငါကြားရပြီ။ ငါသည် သူတို့ခံရသောဆင်းရဲခြင်းကိုဧကန်အမှန် သိမြင်ရပြီ။-
သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရသောသူဟူမူကား၊ အနွယ် သားချင်းစုအကြီးအကဲ ရုဗင် ရှေဒုရ၏သားဧလိဇုရ ရှိမောင် ဇုရိရှဒ္ဒဲ၏သားရှေလုမျေလ ယုဒ အမိနဒပ်၏သားနာရှုန် ဣသခါ ဇုအာ၏သားနာသနေလ ဇာဗုလုန် ဟေလုန်၏သားဧလျာဘ ဧဖရိမ် အမိဟုဒ်၏သားဧလိရှမာ မနာရှေ ပေဒါဇုရ၏သားဂါမလျေလ ဗင်္ယာမိန် ဂိဒေါနိ၏သားအဘိဒန် ဒန် အမိရှဒ္ဒဲ၏သားအဟေဇာ အာရှာ သြကရန်၏သားပါဂျေလ ဂဒ် ဒွေလ၏သားဧလျာသပ် နဿလိ ဧနန်၏သားအဟိရ
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။