Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ သက် 5:27 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

27 ဤ​စာ​ကို ညီအစ်ကို​မောင်နှမ​အားလုံး​ရှေ့​တွင် ဖတ်​ရန် သခင်ဘုရား​ထံ တိုင်တည်​၍ သင်တို့​ကို လေးနက်​စွာ အမိန့်ပေး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

27 ငါ​သည်​သ​ခင်​ဘု​ရား​အပ်​နှင်း​တော်​မူ​သော အ​ခွင့်​အာ​ဏာ​အ​ရ ဤ​စာ​ကို​ယုံ​ကြည်​သူ အ​ပေါင်း​တို့​အား​ဖတ်​ပြ​ကြ​ရန်​သင်​တို့​ကို တိုက်​တွန်း​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ဤ စာ ကို ညီ အစ် ကို ခပ် သိမ်း တို့ အား ဖတ် ပြ ကြ ရန် အ ရှင် ဘု ရား ကို တိုင် တည်၍ ငါ တောင်း ပန်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ဤ​စာ​ကို သန့်​ရှင်း​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​အား ဖတ်​စေ​ခြင်း​ငှာ၊ သ​ခင်​ဘု​ရား​ကို တိုင်​တည်၍ ငါ​သည် သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ဤ​စာ​ကို ညီအစ်ကို​အားလုံး​တို့​ရှေ့၌​ဖတ်ကြား​ရန် သခင်​ဘုရား​၌ သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ သက် 5:27
19 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ယေရှု​သည် တိတ်ဆိတ်​စွာ နေတော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်း​ကလည်း “သင်​သည် ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်သလော။ ငါတို့​အား ဖြေကြားလော့။ အသက်ရှင်သော ဘုရားသခင်​၏​အမည်​နာမတော်​ကို တိုင်တည်​၍ ငါ​မေး၏” ဟု ဆိုလေ၏။


“အမြင့်မြတ်ဆုံးသော​ဘုရားသခင်​၏​သားတော်​ယေရှု… ကိုယ်တော်​သည် အကျွန်ုပ်​နှင့် မည်သို့​ဆိုင်သနည်း။ အကျွန်ုပ်​ကို ညှဉ်းဆဲတော်မမူ​ရန် ဘုရားသခင်​ကို အမှီပြု​၍ တောင်းပန်ပါ၏” ဟု အော်ဟစ်​၍ လျှောက်လေ၏။


အရေအတွက်​အားဖြင့် တစ်ရာ့နှစ်ဆယ်​ခန့်​ရှိသော ယုံကြည်သူများ​အလယ်​၌ ပေတရု​သည် ထ​၍


နေရာဒေသ​အသီးသီး​သို့ လှည့်လည်​နေကြသော ဂျူး​ပယောဂဆရာ​တချို့​သည် သခင်​ယေရှု​၏​အမည်​နာမ​ကို စွဲကိုင်​လျက် နတ်ဆိုးများ​ကို နှင်ထုတ်​ရန် ကြိုးပမ်းကြ၏။ ထိုသို့ ကြိုးပမ်း​ရာတွင် သူတို့​က “ပေါလု​ဟောပြော​နေသော ယေရှု​၏​အမည်​နာမ​၌ သင့်​ကို ထွက်လာ​ရန် အမိန့်ပေး၏” ဟု ပြောကြ၏။


ဤ​စာ​ကို သင်တို့ ဖတ်​ပြီးနောက် လောဒိကိမြို့​ရှိ အသင်းတော်​ကိုလည်း ဖတ်စေကြလော့။ လောဒိကိမြို့​ရှိ အသင်းတော်​ထံသို့ ကျွန်ုပ်​ရေးလိုက်သည့် စာ​ကိုလည်း သင်တို့ ဖတ်ကြလော့။


သင်တို့​သိကြသည့်​အတိုင်း ဖခင်​သည် သားသမီးများ​အပေါ် ပြုမူဆက်ဆံ​သကဲ့သို့ ကျွန်ုပ်တို့​သည် သင်တို့ တစ်ယောက်ချင်းစီ​တိုင်း​အပေါ် ပြုမူဆက်ဆံကြ၏။


တစ်စုံတစ်ယောက်​သည် ဤ​စာ​တွင် ပါသော ညွှန်ကြားချက်များ​ကို နားမထောင်​လျှင် ထို​သူ​ကို အရှက်ရ​စေရန် မှတ်သားထား​၍ ထို​သူ​နှင့် မပေါင်းဖော်ကြနှင့်။


ကျွန်ုပ်​၏​သား တိမောသေ… ယခင်က သင့်​ကို ရည်စူး​၍ ပရောဖက်တို့​ဟောပြောခဲ့သော အရာများ​ကို အခြေခံ​၍ သင့်​ကို ကျွန်ုပ်​ညွှန်ကြားလိုက်၏။ ထို​ဟောပြောချက်များ​ကို လိုက်နာခြင်း​ဖြင့် တိုက်ပွဲ​ကို ကောင်းစွာ တိုက်ခိုက်​နိုင်ရန် ဖြစ်၏။


မာကေဒေါနိပြည်​သို့ ကျွန်ုပ်​သွား​စဉ် သင့်​ကို တိုက်တွန်း​နိုးဆော်ခဲ့သည့်​အတိုင်း တိုက်တွန်း​လို၏။ သင်​သည် ဧဖက်မြို့​တွင် နေရစ်​၍ လွဲမှားသော​အယူဝါဒများ သွန်သင်နေသည့် လူ​တချို့​ကို ထိုသို့​မသွန်သင်ကြ​ရန်​နှင့်


မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်း​မရှိဘဲ ဤ​ညွှန်ကြားချက်များ​ကို လိုက်နာဆောင်ရွက်​ရန် ဘုရားသခင်​နှင့် ယေရှု​ခရစ်တော်​တို့ ရှေ့၌​လည်းကောင်း၊ ရွေးကောက်တော်မူသော​ကောင်းကင်တမန်တို့​ရှေ့၌​လည်းကောင်း သင့်​ကို ကျွန်ုပ်​အလေးအနက် ညွှန်ကြားလို၏။


ထို့ကြောင့် မည်သူ့​ကိုမျှ အပြစ်တင်စရာ​မရှိ​စေရန် လူတို့​အား ဤ​အရာများ​ကို ညွှန်ကြားလော့။


အရာ​အားလုံး​ကို​အသက်ရှင်​စေတော်မူသည့်​ဘုရားသခင်​၏ ရှေ့တော်​၌​လည်းကောင်း၊ ပုန္တိပိလတ်မင်း​၏ ရှေ့​၌ ကောင်းသော​ဝန်ခံချက်​ဖြင့် သက်သေခံတော်မူသော ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း တိုင်တည်​၍ ကျွန်ုပ် သင့်​ကို ညွှန်ကြားလိုက်၏။


ဤ​လောက​၌ ချမ်းသာကြွယ်ဝ​သူတို့​ကို ဘဝင်​မမြင့်​ရန်​နှင့် မမြဲသည့်​စည်းစိမ်ချမ်းသာ​တို့​အပေါ် ကိုးစား​မျှော်လင့်ခြင်း​မရှိ​ရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့​ကို ဝမ်းမြောက်​စေလိုသည့်​အတွက် အရာ​အားလုံး​ကို ရက်ရော​စွာ ပေးသနားတော်မူသည့် ဘုရားသခင်​ကိုသာ ကိုးစား​မျှော်လင့်​ရန် ညွှန်ကြားလော့။


နိုင်ငံတော်​တည်ထောင်​ရန် ကြွလာပြီး အသက်ရှင်သောသူ​နှင့် သေသောသူတို့​ကို တရားစီရင်မည့်​ယေရှု​ခရစ်တော်​၏ ရှေ့တော်​၌​လည်းကောင်း၊ ဘုရားသခင်​ရှေ့တော်​၌​လည်းကောင်း သင့်​အား ကျွန်ုပ်​အလေးအနက်​တိုက်တွန်းလိုက်ပါ၏။


ထို့ကြောင့် ဘုရားသခင်​၏ ရွေးချယ်တော်မူခြင်း​ခံရ​သူတို့​ထဲတွင် ပါဝင်သည့် သန့်ရှင်းသော​ညီအစ်ကို​မောင်နှမတို့… ကျွန်ုပ်တို့​၏ ယဇ်ပုရောဟိတ်မင်း​နှင့် အထူး​တမန်တော်​အဖြစ် ကျွန်ုပ်တို့​ဝန်ခံသော ယေရှု​ခရစ်တော်​ကို ဆင်ခြင်​အောက်မေ့ကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ