Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 24:48 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

48 သင်တို့​သည်လည်း ဤ​အကြောင်းအရာတို့​၏​သက်သေများ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

48 သင်​တို့​အား​ထို​အ​ဖြစ်​အ​ပျက်​များ​နှင့် ပတ်​သက်​၍​မျက်​မြင်​သက်​သေ​များ​ဖြစ်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

48 ထို အ ဖြစ် အ ပျက် များ နှင့် စပ် လျဉ်း သော သက် သေ ခံ များ ကား သင် တို့ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

48 သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

48 သင်​တို့​သည် ဤ​အကြောင်းအရာ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

48 သင်​တို့​သည်​လည်း ဤ​အ​ကြောင်း​အ​ရာ​တို့၏ သက်​သေ​ဖြစ်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 24:48
14 ပူးပေါင်းရင်းမြစ်များ  

သင်တို့​သည်လည်း ငါ​အမှုတော်​လုပ်ငန်း စတင်​စဉ်​ကပင် ငါ​နှင့်အတူ ရှိနေခဲ့​သောကြောင့် ငါ့​အကြောင်း​ကို သက်သေခံကြ​ရမည်။


သို့ရာတွင် သင်တို့​အပေါ်​သို့ သန့်ရှင်းသော​ဝိညာဉ်တော်​ဆင်းသက်​သောအခါ သင်တို့​သည် တန်ခိုး​ကို​ရရှိ​၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံး​တိုင်အောင် ငါ​၏​သက်သေခံများ​ဖြစ်ကြ​လိမ့်မည်” ဟု မိန့်တော်မူ၏။


ကျွန်ုပ်တို့​သည် ဂျူးတို့​၏​တိုင်းပြည်​နှင့် ဂျေရုဆလင်မြို့​တွင် ယေရှု​ပြုတော်မူခဲ့သော​အခြင်းအရာ​အားလုံး​၏​သက်သေများ​ဖြစ်ကြ၏။ ထို​သူတို့​သည် ယေရှု​ကို သစ်တိုင်​တွင်​ဆွဲ​၍ သတ်ခဲ့ကြ၏။


သို့ရာတွင် လူ​အပေါင်းတို့​ထံ၌ ကိုယ်ထင်ပြစေတော်မူသည်​မဟုတ်။ ဘုရားသခင်​ကိုယ်တိုင် သက်သေများ​အဖြစ် ကြိုတင်​ရွေးချယ်ထားသော ကျွန်ုပ်တို့​ထံ၌​သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှု​ခရစ်တော် သေခြင်း​မှ ထမြောက်တော်မူ​ပြီးနောက် ကျွန်ုပ်တို့​သည်လည်း ထို​သခင်​နှင့်အတူ စားသောက်ကြ၏။


ထို​အရှင်​သည် ဂါလိလဲပြည်​မှ ဂျေရုဆလင်မြို့​သို့ သူ​နှင့်အတူ လိုက်ပါလာကြသော​သူတို့​အား ရက်ပေါင်း​များစွာ ကိုယ်ထင်ပြတော်မူ၏။ ယခု​တွင် ထို​သူတို့​သည် လူများ​ရှေ့တွင် သခင်ဘုရား​၏​သက်သေများ​ဖြစ်ကြ၏။


ဘုရားသခင်​သည် ယေရှု​အား သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ​၍ ငါတို့​သည်လည်း ထို​ထမြောက်ခြင်း​၏​သက်သေများ​ဖြစ်ကြ၏။


သင်​သည် မိမိ​မြင်ရ၊ ကြားရ​သမျှ​အတွက် လူအများ​ရှေ့တွင် ထို​အရှင်​၏​သက်သေ​ဖြစ်ရ​လိမ့်မည်။


သင်တို့​သည် အသက်​၏​အရှင်သခင်​ကို သတ်​၍ ဘုရားသခင်​သည် ထို​သခင်​ကို သေခြင်း​မှ ရှင်ပြန်​ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်​ကို ငါတို့​သည် ကိုယ်တိုင်​မြင်တွေ့ကြ၏။


သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်တော်မူခြင်း​ကို တမန်တော်တို့​သည် ကြီးမြတ်သော​တန်ခိုး​နှင့် သက်သေခံကြ​သဖြင့် ဘုရားသခင်​၏​ကြီးမြတ်သော​ကျေးဇူးတော်​သည်လည်း သူတို့​အပေါ်​တွင် ရှိလေ၏။


ကျွန်ုပ်တို့​သည် ထို​အကြောင်းအရာများ​၏​အသိ​သက်သေများ​ဖြစ်ကြ၏။ ထို​အရှင်​ကို နာခံသော​သူတို့​အား ဘုရားသခင်​ပေးတော်မူသော သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သက်သေ​ဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။


ထို့ကြောင့် ခရစ်တော်​၏​ဆင်းရဲဒုက္ခ​ကို မြင်တွေ့သည့်​သက်သေ​ဖြစ်သူ၊ ထင်ရှား​လာမည့် ကိုယ်တော်​၏ ဘုန်းအသရေ​ကို မျှဝေ​ခံစားသူ ကျွန်ုပ်​သည် အသင်းတော်​အကြီးအကဲ​တစ်ဦး​အနေ​ဖြင့် သင်တို့​ထဲမှ အသင်းတော်​အကြီးအကဲများ​ကို တိုက်တွန်း​နှိုးဆော်လိုက်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ