Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 11:20 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

20 ထို့နောက် မိမိ​အံ့ဖွယ်တန်ခိုး​များစွာ​ပြတော်မူခဲ့သည့် မြို့များ​သည် နောင်တမရ​သောကြောင့် ယေရှု​သည် ထို​မြို့တို့​ကို ပြစ်တင်​ရှုတ်ချတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

20 အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ထို နောက် အ မှု တော် ကြီး အ များ ကို ပြု တော် မူ ခဲ့ ရာ မြို့ များ သည် နောင် တ မ ရ ကြ သော ကြောင့် ဆုံး မ တော် မူ သည် မှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ထို​အ​ခါ များ​စွာ​သော​တန်​ခိုး​တော်​ကို ပြ​တော်​မူ​သော မြို့​ရွာ​တို့​သည် နောင်​တ​မ​ရ​သော​ကြောင့်၊ ထို​မြို့​တို့​ကို ဤ​သို့ ကဲ့​ရဲ့​ပြစ်​တင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 ထို့နောက် တန်ခိုး​လက္ခဏာ​အများစု​ပြု​တော်မူ​ရာ​မြို့​များ​သည် နောင်တ​မ​ရ​သောကြောင့် ကိုယ်တော်​သည် ထို​မြို့​တို့​ကို​ပြစ်တင်​ပြောဆို​လျက်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

20 ထို​အ​ခါ များ​စွာ​သော​တန်​ခိုး​တော်​ကို ပြ​တော်​မူ​သော မြို့​ရွာ​တို့​သည် နောင်​တ​မ​ရ​သော​ကြောင့်၊ ထို​မြို့​တို့​ကို ဤ​သို့ ကဲ့​ရဲ့​ပြစ်​တင်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 11:20
17 ပူးပေါင်းရင်းမြစ်များ  

တရားစီရင်တော်မူသော​နေ့​တွင် နိနဝေမြို့သားတို့​သည် ဤ​မျိုးဆက်တို့​နှင့်အတူ ထ​၍ ဤ​မျိုးဆက်​ကို အပြစ်တင်​လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို​မြို့သားတို့​သည် ယောန​၏ ဟောပြောခြင်း​အားဖြင့် သူတို့​၏ အပြစ်များ​မှ နောင်တရကြ​သောကြောင့်​ဖြစ်၏။ ကြည့်ရှုလော့။ ယောန​ထက်​ကြီးမြတ်​သူ​သည် ဤ​အရပ်​၌ ရှိ၏။ သို့သော် သင်တို့​သည် နောင်တရ​ရန် ငြင်းဆိုကြ၏။


ထို့နောက် တပည့်တော်​ဆယ့်တစ်ပါးတို့​သည် အစာ​သုံးဆောင်နေကြ​စဉ် ယေရှု​သည် သူတို့​အား ကိုယ်ထင်ပြတော်မူ၏။ သေခြင်း​မှ ရှင်ပြန်​ထမြောက်တော်မူ​ပြီးနောက် မိမိ​အား ကိုယ်တိုင်​တွေ့မြင်ကြသော သူတို့​၏​စကား​ကို မယုံဘဲ ခေါင်းမာ​လျက် ငြင်းပယ်ကြသော ထို​တပည့်တော်​ဆယ့်တစ်ပါးတို့​ကို ယေရှု​သည် ပြစ်တင်​ဆုံးမတော်မူ၏။


ယေရှု​က တပည့်တော်တို့​အား “အို ယုံကြည်ခြင်း​မရှိသော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သူငယ်​ကို ငါ့​ထံသို့​ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။


ထို​အရာများ​သည် ငါတို့​အတွက် အသစ်အဆန်း​ဖြစ်နေ​သောကြောင့် မည်သည့်​အဓိပ္ပာယ်​ဖြစ်သည်​ကို ကြားချင်ပါသည်” ဟု ပြောဆိုကြ၏။


နောက်​တစ်ကြိမ် ကျွန်ုပ်​ရောက်လာ​သောအခါ ဘုရားသခင်​သည် သင်တို့​ရှေ့​၌ ကျွန်ုပ်​ကို နှိမ့်ချ​တော်မူ​၍ ယခင်​က ကျူးလွန်ခဲ့သည့် စက်ဆုပ်​ညစ်ညမ်းခြင်း၊ တရား​နှင့်​မညီသော မေထုန်​ကို​ပြုခြင်း၊ ကာမဂုဏ်​လိုက်စားခြင်းတို့​ကို ယခု​တိုင်အောင် ကျူးလွန်​လျက် နောင်တ​မရသေးသောသူ​များစွာ​အတွက်​ကြောင့် ကျွန်ုပ်​ဝမ်းနည်း​ရမည်​ကို​လည်း စိုးရိမ်၏။


သင်တို့​တွင် တစ်စုံတစ်ယောက်​သည် ဉာဏ်ပညာ​ကို လိုအပ်​လျှင် ဘုရားသခင်​ထံ တောင်းစေ။ ကဲ့ရဲ့​ပြစ်တင်တော်မမူဘဲ ရက်ရော​စွာ ပေးတော်မူသော ဘုရားသခင်​သည် ထို​သူ​အား ဉာဏ်ပညာ​ကို ပေးတော်မူ​လိမ့်မည်။


သူတို့​သည် ခံစားရသော​ဝေဒနာ​နှင့် အနာစိမ်း​တို့​ကြောင့် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ကို ကျိန်ဆဲကြ၏။ မိမိတို့​၏​အကျင့်ဆိုးများ​အတွက်​လည်း နောင်တ​မရကြ။


လူတို့​သည် ပြင်းထန်သော အပူရှိန်​ကြောင့် လောင်ကျွမ်းခြင်း​ကို ခံရ​သဖြင့် ဤ​ဘေးဒဏ်များ​ကျရောက်​စေရန် အခွင့်အာဏာ​ရှိသော ဘုရားသခင်​၏ နာမတော်​ကို ကျိန်ဆဲကြ၏။ သူတို့​သည် နောင်တ​လည်း မရကြ။ ကိုယ်တော်​၏​ဂုဏ်တော်​ကိုလည်း မချီးမွမ်းကြ။


ငါ​သည် သူ့​အား နောင်တရ​ရန် အခွင့်အရေး​ပေးခဲ့​သော်လည်း သူ​သည် တရား​နှင့်​မညီသော မေထုန်​ပြုခြင်း​အတွက် နောင်တရ​ရန် ငြင်းဆန်ခဲ့၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ