ထိုသို့ ရှောလမုန်သည် ပတ္ထနာပြု၍ ပြီးသောအခါ၊ ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။
တစ်ဖန် နေဝင်၍မိုက်သောအခါ၊ ခွဲထားသောအသားအလယ်၌၊ မီးခိုးထွက်သောမီးဖို၊ မီးထွန်းလင်းသောမီးခွက်သည် ထင်ရှားစွာလျှောက်သွားလေ၏။
သင်တို့သည် သင်တို့ဘုရားများ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား၏နာမတော်ကို ဟစ်ခေါ်မည်။ မီးဖြင့် ထူးတော်မူသောဘုရားသည် ဘုရားသခင်မှန်ပါစေဟု လူများတို့အား ပြောဆိုလျှင်၊ လူအပေါင်းတို့က၊ ဧလိယ၏စကားသည် လျောက်ပတ်ပေသည်ဟု ဆိုကြ၏။
ထိုအခါ ထာဝရဘုရား၏မီးသည်ကျသဖြင့်၊ မီးရှို့ရာယဇ် အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်း ခန်းခြောက်စေ၏။
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
အိုထာဝရဘုရား၊ အိမ်တော်တည်ရာကိုလည်းကောင်း၊ ဘုန်းတော်ထင်ရှားသော အရပ်ဌာနကိုလည်းကောင်း အကျွန်ုပ်နှစ်သက်ပါ၏။
ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တစ်တောင်လုံး မီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တစ်တောင်လုံး ပြင်းစွာလှုပ်လေ၏။
ထိုအရပ်၌ ဣသရေလအမျိုးသားတို့နှင့် ငါတွေ့၍၊ ငါ့ဘုန်းတော်အားဖြင့် သူတို့ကိုသန့်ရှင်းစေမည်။
ငါသည် သူတို့မခေါ်မီကပင် ထူးမည်။ လျှောက်စဉ်တွင်ပင် ငါနားထောင်မည်။
ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီလျက် အတွင်းတံတိုင်းထဲသို့ ဆောင်သွား၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တစ်အိမ်လုံးကို ဖြည့်တော်မူ၏။
ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည်ပျပ်ဝပ်လျက်နေ၏။
ထိုသို့ ဆုတောင်းပတ္ထနာပြု၍၊ ကိုယ်အပြစ်ကိုလည်းကောင်း၊ အမျိုးသားချင်း ဣသရေလလူတို့၏အပြစ်ကိုလည်းကောင်း ဖော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသောတောင်တော်အဖို့ ငါပြုသောပတ္ထနာစကားကို၊ ငါ၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဆက်ကပ်လျက်နေ၍၊
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၏ ပူဇော်သကာသည် ရှေးလွန်လေပြီးသော နှစ်၊ လ၊ နေ့ရက်ကာလ၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရား နှစ်သက်တော်မူဖွယ် ဖြစ်လိမ့်မည်။
ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။
ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။-
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝှေးကိုဆန့်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့်၊ ကျောက်ထဲကမီးထ၍ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို လောင်ပြီးမှ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ကွယ်လေ၏။