ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီးရုပ်များ၊ အတောင်တစ်ထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့် တစ်စပ်တည်း သွန်းလေ၏။
အချင်း ဆယ်တောင်၊ အဝန်း အတောင်သုံးဆယ်၊ အဇောက် ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
နွားတစ်ဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာသို့ တစ်မျက်နှာလျှင်သုံးခုစီ မျက်နှာပြုကြ၏။
မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။
ခေရုဗိမ်တို့သည် မျက်နှာလေးခုစီရှိ၍၊ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။
သို့ဖြစ်၍ မြို့ကိုလှည့်ပတ်ရကြမည်။ ဣသရေလ စစ်သူရဲအပေါင်းတို့သည် ခြောက်ရက်ပတ်လုံး လှည့်ပတ်ခြင်းအမှုကို ပြုရကြမည်။
ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တဝါသည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ၏။-