Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 7:4

Judson Bible

ကျွန်​တော်​မ​နှင့် ကျွန်​တော်​မ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​ဖြတ် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ငှာ ရောင်း​ပါ​ပြီ။ ကျွန်​ယောက်ျား ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရောင်း​လျှင်၊ ရန်​သူ​သည် ရှင်​ဘု​ရင် အ​ကျိုး​နည်း​ခြင်း​အ​တွက် အ​ဖိုး​ကို​ပေး​နိုင်​သော်​လည်း၊ ကျွန်​တော်​မ တိတ်​ဆိတ်​စွာ နေ​ပါ​မည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ ငါ​တို့​ကိုယ်​ခ​န္ဓာ​သည် အ​မျိုး​သား​ချင်း​တို့၏ ကိုယ်​ခ​န္ဓာ​ကဲ့​သို့​ဖြစ်၏။ ငါ​တို့​သား​သ​မီး​သည် သူ​တို့​သား​သ​မီး​ကဲ့​သို့ ဖြစ်​ကြ၏။ ငါ​တို့​သား​သ​မီး​ကို ရောင်း၍ ကျွန်​ခံ​စေ​ရ​မည်​လော။ ကျွန်​ခံ​ပြီး​သော သ​မီး​တို့​ကို​လည်း ရွေး​ခြင်း​ငှာ မ​တတ်​နိုင်။ ပိုင်​ရင်း​လယ်​ယာ​နှင့် ဥ​ယျာဉ်​တို့​သည် သူ​တစ်​ပါး​လက်​သို့ ရောက်​လေ​ပြီ​တ​ကား​ဟု ဆို​ကြ၏။

အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊ ယု​ဒ​လူ​အ​ကြီး​အ​ငယ် မိန်း​မ က​လေး​ရှိ​ရှိ​သ​မျှ​တို့​ကို သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​စေ​ခြင်း​ငှာ၊ အ​မိန့်​တော်​စာ​ကို စာ​ပို့​လု​လင်​တို့​ဖြင့် နိုင်​ငံ​တော်​အ​ပြည်​ပြည်​သို့ ပေး​လိုက်​လေ၏။

ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။

ရှင်​ဘု​ရင်​အာ​ရွှေ​ရု​က​လည်း၊ ထို​သို့​ပြု​မည်​ဟု ကြံ​ဝံ့​သော​သူ​ကား အ​ဘယ်​သူ​နည်း။ အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မိ​ဖု​ရား​ဧ​သ​တာ​အား မေး​တော်​မူ​လျှင်၊

ဧ​သ​တာ​က၊ ရန်​ဘက်​ပြု​သော ရန်​သူ​သည် ဤ​ဆိုး​ညစ်​သော​ဟာ​မန် ဖြစ်​ပါ၏​ဟု​လျှောက်​သော်၊ ဟာ​မန်​သည် ရှင်​ဘု​ရင်​နှင့်​မိ​ဖု​ရား​ရှေ့​မှာ ကြောက်​ရွံ့​ခြင်း​သို့ ရောက်​လေ၏။

အ​မိန့်​တော်​စာ​ချက်​ဟူ​မူ​ကား၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ တစ်​ဆယ်​သုံး​ရက် တစ်​နေ့​ချင်း​တွင်၊

ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။

ဧ​သ​တာ​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​ဝင်၍ ယု​ဒ​လူ​တို့​တစ်​ဖက်၌ ဟာ​မန်​ကြံ​စည်​သော အ​ဓ​မ္မ​အ​ကြံ​ကို သူ၏​ခေါင်း​ပေါ်​သို့ ပြန်​ရောက်​စေ​မည်​အ​ကြောင်း၊ သူ​နှင့်​သူ၏​သား​တို့​ကို​လည်း လည်​ဆွဲ​ချ​တိုင်၌ ဆွဲ​ထား​စေ​မည် အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို ပေး​တော်​မူ​သည်​ဖြစ်၍​လည်း​ကောင်း၊

အ​ကျိုး​တော်​ကို မ​ယုတ်​မ​လျော့​စေ​ခြင်း​ငှာ၊ ထို​မြို့​ဝန်​အ​ပေါင်း​တို့​ကို အုပ်​ချုပ်​စစ်​ကြော​ရ​သော ဝန်​ကြီး​သုံး​ပါး​ကို​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း ခန့်​ထား​တော်​မူ၏။ ထို​ဝန်​ကြီး​သုံး​ပါး​တွင် ဒံ​ယေ​လ​သည် ဝန်​ကြီး​အ​ရာ​ကို​ရ​သည်​သာ​မ​က၊

ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို​နေ​ရင်း​ပြည်​မှ အ​ဝေး​သို့ ပြောင်း​စေ​လို​သော​ငှာ၊ ဟေ​လ​သ​အ​မျိုး​သား​တို့​အား ရောင်း​လိုက်​သော​ကြောင့်​လည်း​ကောင်း၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊

သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။-

ထို​လမ်း​ကို နောက်​တစ်​ဖန် သင်​မ​မြင်​ရ​ဟု မိန့်​တော်​မူ​သော​လမ်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့ သင်္ဘော​နှင့် ပို့​ဆောင်​တော်​မူ​သ​ဖြင့်၊ ထို​ပြည်​တွင် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရန်​သူ​တို့၌ ရောင်း​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​ဘယ်​သူ​မျှ သင့်​ကို​မ​ဝယ်​လို​ဟု ဣ​သ​ရေ​လ​လူ​မျိုး​တို့​ကို ဟော​ပြော​လေ၏

ယ​ခု​မှာ သင်​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သ​ဖြင့်၊ ကျွန်​ခံ၍ ငါ၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​ဖို့ ထင်း​ခုတ်​ခြင်း၊ ရေ​ခပ်​ခြင်း​အ​မှု​နှင့် တစ်​ယောက်​မျှ​မ​လွတ်​ရ​ဟု​ဆို၏။

ငါ​နှင့် အ​တူ​နေ​ပါ​လော့။ မ​စိုး​ရိမ်​နှင့်။ ငါ့​အ​သက်​ကို ရှာ​သော​သူ​သည် သင့်​အ​သက်​ကို​ရှာ၏။ ငါ​နှင့်​အ​တူနေ​လျှင် ဘေး​လွတ်​ပါ​လိမ့်​မည်​ဟု အ​ဗျာ​သာ​အား ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ