Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဧ​သ​တာ 4:3

Judson Bible

ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​တို့၌ ယု​ဒ​လူ​တို့​သည် အ​လွန်​ညည်း​တွား​ခြင်း၊ အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ လူ​များ​တို့​သည် ပြာ​နှင့်​လျှော်​တေ​အ​ဝတ်၌ အိပ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊

ထို​အ​ခါ ပ​ထ​မ​လ တစ်​ဆယ်​သုံး​ရက်​နေ့​တွင်၊ စာ​ရေး​တော်​ကြီး​တို့​ကို​ခေါ်၍ ကိုယ်​စား​တော်​မင်း၊ အ​ပြည်​ပြည်​အုပ်​သော မြို့​ဝန်၊ အ​ရပ်​ရပ်​စီ​ရင်​သော သူ​ကြီး​တို့​ကို ဟာ​မန်​မှာ​ထား​သ​မျှ​အ​တိုင်း၊ လူ​အ​မျိုး​မျိုး​ပြော​သော စ​ကား​အ​သီး​အ​သီး​အား​ဖြင့် ရှင်​ဘု​ရင် အာ​ရွှေ​ရု၏​အ​မိန့်​တော်​ကို စာ​ရေး၍၊ ရှင်​ဘု​ရင်၏ လက်​စွပ်​တော်​နှင့် တံ​ဆိပ်​ခတ်​လေ၏။

လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် နန်း​တော်​တံ​ခါး​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​ရ​သော​ကြောင့်၊ နန်း​တော်​တံ​ခါး​ရှေ့​မှာ ရပ်​နေ၏။

မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။

ယော​ဘ​သည် ကိုယ်​ကို​ခြစ်​စ​ရာ အိုး​ခြမ်း​ကို ကိုင်​ယူ၍ မီး​ဖို​ပြာ​ထဲ​မှာ ထိုင်​လေ၏။

ထို​ကာ​လ၌ ငို​ကြွေး​မြည်​တမ်း​ခြင်း၊ ဆံ​ပင်​ကို ပယ်​ဖြတ်​ခြင်း၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​ခြင်း​အ​လို​ငှာ၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် နှိုး​ဆော်​တိုက်​တွန်း​တော်​မူ​သော်​လည်း၊

ထို​ကြောင့် ငါ​ဆို​သည်​ကား၊ ငါ့​ကို​မ​ကြည့်​ပါ​နှင့်။ ပြင်း​စွာ ငို​ရ​မည်။ ငါ့​အ​မျိုး​သ​တို့​သ​မီး​ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​စိတ်​ပြေ​စေ​ခြင်း​ငှာ မ​ကြိုး​စား​ပါ​နှင့်။

ငါ​နှစ်​သက်​သော အ​စာ​ရှောင်​ခြင်း​သည် ထို​သို့​သော လ​က္ခ​ဏာ​ရှိ​သ​လော။ လူ​သည် တစ်​ရက်​တွင် ခြိုး​ခြံ​စွာ​ကျင့်​ခြင်း၊ ကိုင်း​ပင်​ကဲ့​သို့ ဦး​ချ​ခြင်း၊ အိပ်​ရာ​ဖို့ လျှော်​တေ​နှင့်​ပြာ​ကို ခင်း​ခြင်း၊ လ​က္ခ​ဏာ​ရှိ​လျှင်၊ အ​စာ​ရှောင်​ခြင်း​ဟူ၍​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​နေ့​ရက် ဟူ၍​လည်း​ကောင်း မှည့်​အပ်​သ​လော။

သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။

အ​စာ​ကို​ရှောင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ ပြာ​နှင့် လူး​လျက်၊ အ​ရှင်​ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ချဉ်း​ကပ်၍ ဆု​တောင်း​ပ​တ္ထ​နာ ပြု၏။

နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။

ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ မီး​ဖို၌​ချ​ကြ​လ​တ္တံ့။-

ထို​အ​ခါ မင်း​ကြီး​သည် အ​ခြံ​အ​ရံ​တို့​အား ထို​သူ၏​လက်​ခြေ​ကို တုပ်​နှောင်​လော့။ ငို​ကြွေး​ခြင်း အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ် မှောင်​မိုက်​ထဲ​သို့ ယူ​သွား​ချ​လိုက်​ကြ​ဟု အ​မိန့်​တော်​ရှိ၏။-

အ​သုံး​မ​ရ​သော ထို​ငယ်​သား​ကို ငို​ကြွေး​ခြင်း၊ အံ​သွား​ခဲ​ကြိတ်​ခြင်း​ရှိ​ရာ၊ ပြင်​အ​ရပ်​မှောင်​မိုက်​ထဲ​သို့ နှင်​ထုတ်​ချ​လိုက်​ကြ​ဟု စီ​ရင်​တော်​မူ၏။

ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။

တ​မန်​တို့​သည် ရှော​လု​နေ​ရာ ဂိ​ဗာ​မြို့​သို့​လာ၍ လူ​များ​တို့​အား​သ​တင်း​ကြား​ပြော​သော်၊ လူ​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ ငို​ကြွေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ