ဧသတာ 2:5Judson Bibleထိုကာလတွင် ရှုရှန်မြို့တော်၌၊ ဗင်္ယာမိန်အမျိုး ကိရှ၊ ရှိမိ၊ ယာဣရတို့မှ ဆင်းသက်သော မော်ဒကဲအမည်ရှိသော ယုဒလူတစ်ယောက်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယုဒအမျိုးသား မော်ဒကဲသည် ရှင်ဘုရင် အာရွှေရုအောက်၌ အမြတ်ဆုံးသောအရာကိုရ၍ ယုဒလူတို့တွင် ဘုန်းကြီး၏။ မိမိအမျိုး၏ အကျိုးစီးပွားကို ပြုစုလျက်၊ အမျိုးသားချင်းအပေါင်းတို့အား မင်္ဂလာစကားကိုသာ ပြောလျက်၊ မိမိအမျိုးသားချင်းအပေါင်းတို့တွင် မျက်နှာရသောသူ ဖြစ်သတည်း။ ဧသတာဝတ္ထုပြီး၏။
အဆင်းလှသော သမီးကညာအပေါင်းတို့ကို ရှုရှန်နန်းတော်တွင် အပျိုတော်နေရာသို့ စုဝေးစေ၍၊ နန်းတော်မိန်းမစိုး၊ အပျိုတော်အုပ်ဟေဂဲ၌ အပ်စေခြင်းငှာ၊ နိုင်ငံတော် အတိုင်းတိုင်းအပြည်ပြည် မင်းအရာရှိတို့ကို ခန့်ထားတော်မူပါ။ စင်ကြယ်စေခြင်းငှာ ဆေးမျိုးကို အပ်ပေးတော်မူပါ။