Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 9:4

Judson Bible

ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​က၊ ထို​သူ​ကို​ငါ​ကြည့်​ရှု​ရ​အောင် ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် စုံ​လင်​သော စေ​တ​နာ​စိတ်​ရှိ​သော​သူ​တို့​ဘက်၌၊ ခိုင်​ခံ့​စွာ​နေ​ခြင်း​ငှာ၊ မြေ​ကြီး​တစ်​ပြင်​လုံး​ကို အ​နှံ့​အ​ပြား​ကြည့်​ရှု​လျက် ရှိ​တော်​မူ၏။ ဤ​အ​မှု၌ မင်း​ကြီး​သည် မိုက်​စွာ​ပြု​ပြီ။ ယ​ခု​မှ​စ၍ စစ်​မှု​ရှိ​လိမ့်​မည်​ဟု ဆို၏။

ဖြောင့်​မတ်​သော​သူ​တို့​သည် အော်​ဟစ်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ သူ​တို့​ကို ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။

တော၌ မြင့်​သော​အ​ရပ် အ​လုံး​စုံ​တို့​အ​ပေါ်​မှာ လု​ယက်​သော​သူ​တို့​သည် တက်​ကြ​ပြီ။ အ​ကယ်​စင်​စစ် ပြည်​စွန်း​တစ်​ဖက်​မှ တစ်​ဖက်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား၏​ဓား​တော်​သည် ဖျက်​ဆီး​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​ချမ်း​သာ​မ​ရ။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့​ကို ကျေး​ဇူး​ပြု၍၊ အ​ပြစ်​ပြု​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​သည်​ဖြစ်၍၊ ဤ​မြို့​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်​သို့ ငါ​အပ်​သ​ဖြင့်၊ သူ​သည် မီး​ရှို့​လိမ့်​မည်။

သူ​တို့၌ ကျေး​ဇူး​ပြု​မည်​ဟု ငါ​ကြံ​စည်၍၊ ဤ​ပြည်​သို့ တစ်​ဖန်​ဆောင်​ခဲ့​ဦး​မည်။ နောက်​တစ်​ဖန် မ​ဖြို​မ​ဖျက်​ဘဲ တည်​ဆောက်​မည်။ မ​နုတ်​မ​ပယ်​ဘဲ စိုက်​ထား​မည်။

ယေ​ရ​မိ​ကို​ယူ၍ ကောင်း​မွန်​စွာ​ကြည့်​ရှု​လော့။ မ​ညှဉ်း​ဆဲ​နှင့်။ သူ​ပြော​သည်​အ​တိုင်း သူ့​ကို​ပြု​လော့​ဟု မှာ​ထား​တော်​မူ​သည်​နှင့် အ​ညီ၊

သင်​သည် ကု​ရှ​အ​မျိုး​သား ဧ​ဗ​ဒ​မေ​လက်​ကို​ဆင့်​ဆို​ရ​မည်​မှာ၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဤ​မြို့၏​အ​ကျိုး​ကို မ​ပြု​စု၊ ဖျက်​ဆီး​ခြင်း​ငှာ ငါ့​စ​ကား​ကို ငါ​တည်​စေ​မည်။ ကာ​လ​အ​ချိန်​ရောက်​လျှင်၊ သင့်​ရှေ့၌ ငါ့​စ​ကား ပြည့်​စုံ​လိမ့်​မည်။

သို့​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​ကို​အ​ပြစ်​ပြု၍ ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ပယ်​ဖြတ်​ခြင်း​ငှာ ငါ​သည်​မျက်​နှာ​ထား​မည်။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

မြို့​ကို ဝိုင်း​ထား​ရာ ကာ​လ​စေ့​သော​အ​ခါ၊ ဆံ​ပင်​နှင့် မုတ်​ဆိတ် သုံး​စု​တစ်​စု​ကို မြို့​ထဲ​မှာ မီး​ရှို့​လော့။ တစ်​စု​ကို ဓား​နှင့် ခုတ်​ဖြတ်​လော့။ တစ်​စု​ကို လေ​တိုက်​ရာ၌ လွှင့်​လော့။ ငါ​သည်​လည်း ထို​အ​စု​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

သာ​သ​နာ​ပ​လူ​တို့​တွင် သင်​တို့​ကို အ​ရပ်​ရပ်​ငါ​ကွဲ​ပြား​စေ၍၊ ဓား​မိုး​လျက်​လိုက်​မည်။ သင်​တို့​ပြည်​သည်​လည်း လူ​ဆိတ်​ညံ​လျက်၊ မြို့​သည်​လည်း ပျက်​စီး​လျက်​ရှိ​လိမ့်​မည်။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ​အ​ထက်၌ လူ​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ တိ​ရ​စ္ဆာန်​ခံ​ရ​သော အ​ကျိုး​မ​ရှိ။ ထွက်​ဝင်​သော​သူ​တို့​သည် ရန်​သူ​ရှိ​သော​ကြောင့် ချမ်း​သာ​မ​ရ​ကြ။ ငါ​သည် လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​နှင့် တစ်​ယောက် ရန်​ဘက်​ဖြစ်​စေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ