Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



အာ​မုတ် 8:1

Judson Bible

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ နွေ​ကာ​လ​အ​သီး​ပါ​သော တောင်း​သည် ထင်​ရှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား ပြ​တော်​မူ​သော​ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​သည် ယု​ဒ​ရှင်​ဘု​ရင် ယော​ယ​ကိမ်​သား ယေခေါနိ​မင်း​အ​စ​ရှိ​သော ယု​ဒ​မှူး​မတ်​များ၊ လက်​သ​မား၊ ပန်း​ပဲ​သ​မား​များ​တို့​ကို ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏ ဗိ​မာန်​တော်​ရှေ့၌​ထား​သော သင်္ဘော​သ​ဖန်း​သီး တောင်း​နှစ်​လုံး​သည် ထင်​ရှား​လေ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ရှင်​ဘု​ရင်​ဆိုင်​သော မြက်​ပင်​ကို​ရိတ်​ပြီး​မှ၊ နောက်​မြက်​ပင် ပေါက်​စ​ကာ​လ၌ ကျိုင်း​ကောင်​တို့​ကို ဖန်​ဆင်း​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သင်၏​မ​ယား​သည် ပြည့်​တန်​ဆာ​ဖြစ်​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​သည် ဓား​ဖြ​င့်​သေ​ကြ​လိ​မ့်​မည်။ သူ​တစ်​ပါး​တို့​သည် သင်၏​မြေ​ကို ကြိုး​တန်း​ချ၍ ဝေ​ဖန်​ကြ​လိမ့်​မည်။ သင်​သည် ညစ်​ညူး​သော​ပြည်၌ သေ​ရ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သည် နေ​ရင်း​ပြည်​မှ ဆက်​ဆက်​နှင်​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု၊ အာ​မ​ဇိ​အား ဆင့်​ဆို​လေ၏။

တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ မီး​ဖြင့် ဒဏ်​ပေး​ခြင်း​ငှာ မီး​ကို​ခေါ်​တော်​မူ၍၊ မ​ဟာ​သ​မု​ဒ္ဒ​ရာ​ကို မီး​လောင်​လေ၏။ ကုန်း​ကို​လည်း လောင်​လေ၏။

တစ်​ဖန်​ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ ချိန်​ကြိုး​ချ၍​လုပ်​သော ကျောက်​ရိုး​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည်​ရပ်​လျက်၊ လက်​တော်၌ ချိန်​ကြိုး​ကို ကိုင်​လျက်၊

အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ